သမ္မတဂျိုးဘိုင်ဒင်အစိုးရသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် အလုပ်အကိုင်အသစ် (၂၅၆,၀၀၀) ဖန်တီးပေးနိုင်ခဲ့ပြီး ၎င်းအစိုးရသက်တမ်းတွင် အလုပ်အကိုင်စုစုပေါင်း (၁၆.၆) သန်းအထိ ဖန်တီး ပေးနိုင်ခဲ့ပါသည်။ ဂျိုးဘိုင်ဒင်အစိုးရစတင်တာဝန်ယူသည့်အချိန်၌ အမေရိကန်နိုင်ငံ၏ အလုပ်လက်မဲ့ နှုန်းသည် (၆) ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး ၎င်းအစိုးရသက်တမ်းအတွင်း အလုပ်လက်မဲ့နှုန်းကျဆင်းခဲ့ကာ ယခုအစိုးရသက်တမ်းကုန်ဆုံးချိန်တွင် အလုပ်လက်မဲ့နှုန်းသည် (၄.၁) ရာခိုင်နှုန်းသို့ရောက်ရှိခဲ့ ပါသည်။ အမေရိကန်နိုင်ငံ၏စီးပွားရေးအပြည့်အဝနာလန်ပြန်ထူရန် အချိန်လိုအပ်မည်ဖြစ်သော်လည်း လက်ရှိတွင် အမေရိကန်နိုင်ငံ၏ စီးပွားရေးတိုးနှုန်းမြင့်မားလာပြီး ငွေကြေးဖောင်းပွမှု ကျဆင်းလာခဲ့ ပါသည်။ ထို့အပြင် သမ္မတဂျိုးဘိုင်ဒင်အစိုးရလက်ထက်တွင် အလုပ်လုပ်ကိုင်နိုင်သည့် အသက်အရွယ် အပိုင်းအခြားရှိ အမျိုးသမီးအလုပ်သမားခန့်ထားမှုအမြင့်ဆုံးဖြစ်ခဲ့ကာ လူဖြူနှင့် လူမည်းတို့အကြား အလုပ်လက်မဲ့နှုန်းကွာဟချက်လည်း အနိမ့်ဆုံးဖြစ်ခဲ့ပြီး ဝင်ငွေတိုးနှုန်းသည်လည်း ဈေးနှုန်းမြင့်တက်မှု နှုန်းထက် အမေရိကန်ဒေါ်လာ (၄,၀၀၀) ခန့် ပိုမိုမြင့်တက်ခဲ့ပါသည်။ ဈေးနှုန်းများ ထပ်မံလျှော့ချရန် လိုအပ်မည်ဖြစ်သော်လည်း အစိုးရအနေဖြင့် ဆရာဝန်ညွှန်ကြားသည့် သောက်ဆေးဈေးနှုန်းများနှင့် ကျန်းမာရေးအာမခံကြေး၊ အိမ်အသုံးအဆောင်စရိတ်နှင့် ဓာတ်ငွေ့ဈေးနှုန်းများကို လျှော့ချပေးခဲ့ ပါသည်။ သမ္မတဂျိုးဘိုင်ဒင်အစိုးရသည် ၎င်းမူဝါဒဖြစ်သည့် “Middle out and bottom up” ချဉ်းကပ် နည်းကိုအသုံးပြုလျက် အမေရိကန်နိုင်ငံသားမိသားစုများ၏ဘဝ တိုးတက်လာစေရန် ဆောင်ရွက်ပေး ခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွက် အမေရိကန်နိုင်ငံ၏ အလုပ်အကိုင်အစီရင်ခံစာ
Category:
International News