International News

ဗီယက်နမ်နိုင်ငံသည် ဥရောပ ၃ နိုင်ငံမှ နိုင်ငံသားများကို မတ်လမှစတင်၍ ဗီဇာကင်းလွတ်ခွင့်ပေးသွားမည်

Last Updated:

ဗီယက်နမ်နိုင်ငံသည် ပိုလန်နိုင်ငံ၊ ချက်သမ္မတနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ ခရီးသွား ဧည့်သည်များကို ၂၀၂၅ ခုနှစ် မတ်လမှစတင်၍ ဗီဇာကင်းလွတ်မည်ဖြစ်ကြောင်း အစိုးရသတင်း တွင် ဖော်ပြခဲ့သည်။

၎င်းသည် ဇန်နဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့သော ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ အစိုးရ ဆုံးဖြတ်ချက် အမှတ် 11/NQ-CP ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ယခုနှစ်အတွင်း ပြည်တွင်းခရီးသွား လုပ်ငန်းကို မြှင့်တင်ရန်ကြိုးပမ်းမှုဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ မူဝါဒအသစ်အား ဗီယက်နမ်နိုင်ငံရှိ နိုင်ငံတကာ ခရီးသွားဝန်ဆောင်မှုပေးသူများ စီစဉ်သည့် ခရီးစဉ်များအတွက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကျင့်သုံးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ပိုလန်၊ ချက်သမ္မတနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံသားများအား ဝင်ခွင့်ရရှိသည့်နေ့မှ ၄၅ ရက် အထိ ယာယီနေထိုင်နိုင်ရန်အတွက် ဗီဇာကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။

လက်ရှိအချိန်အထိ ဗီယက်နမ်နိုင်ငံသည် နိုင်ငံပေါင်း ၁၃ နိုင်ငံဖြစ်သည့် ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ ဗြိတိန်၊ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေး၊ ဖင်လန်နှင့် ဘယ်လာရုစ် နိုင်ငံတို့မှ နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်ကို ဝင်ရောက်သည့်နေ့မှ ၄၅ ရက်အထိ ဗီဇာမလိုပဲ နေထိုင်ခွင့်ပေးထားကြောင်း ဖော်ပြထားပါသည်။

Source: Vietnam Plus

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

Category: International News