International News

တရုတ်နိုင်ငံသည် စွမ်းအင်အသွင်ကူးပြောင်းရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွင် ဦးဆောင်လျက်ရှိ

Last Updated:

သုတေသနနှင့် အကြံပေးကုမ္ပဏီ BloombergNEF (BNEF) ၏ အဆိုအရ တရုတ်နိုင်ငံ သည် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့စွမ်းအင်အသွင်ကူးပြောင်းရေးဆိုင်ရာရင်းနှီးမြုပ်နှံမှု၌ ဦးဆောင် ခဲ့ပြီး တစ်ကမ္ဘာလုံး ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း အမေရိကန်ဒေါ်လာ(၂.၁)ထရီလီယံ၏ သုံးပုံနှစ်ပုံ ရှိကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ခိုင်မာသောပြည်တွင်းလိုအပ်ချက်ကြောင့် ပြီးခဲ့သောနှစ်တွင် သန့်ရှင်းသော စွမ်းအင်ရင်းနှီးမြှုပ်နှံမှု၌ အသာစီးရနေဆဲဖြစ်ကြောင်းနှင့် နေရောင်ခြည် စွမ်းအင်၊ လီသီယမ်ဘက်ထရီများ၊ လျှပ်စစ်ကားများနှင့် ဓာတ်အားလိုင်းများအပေါ် အဓိက ထားရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း BNEF က ၎င်း၏ မကြာသေးမီက ထုတ်ပြန်ခဲ့သော Energy Transition Investment Trends 2025 အစီရင်ခံစာတွင် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့စွမ်းအင်အသွင်ကူးပြောင်းရေးရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာ (၂၀၂)ဘီလီယံအနက် တရုတ်ပြည်မကြီးတစ်ခုတည်းက အမေရိကန် ဒေါ်လာ (၁၃၄) ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် (၂၀)ရာခိုင်နှုန်းတိုးလာကြောင်း၊ တရုတ်နိုင်ငံသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သိုလှောင်မှု၊ နျူကလီးယားစွမ်းအင်၊ စွမ်းအင် သစ် မော်တော်ယာဉ်များ၊ ဟိုက်ဒရိုဂျင်၊ အပူစုပ်စက်များနှင့် ဓာတ်အားလိုင်းများအပါအဝင် ကဏ္ဍများစွာတွင် ခိုင်မာသော တိုးတက်မှုကို ရရှိခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံ၏ စွမ်းအင်အကူးအပြောင်းမှုအသုံးစရိတ်သည် အခြားနိုင်ငံများထက် နှစ်ဆ ပိုမိုများပြားပြီး ထိုသို့ရင်းနှီးမြှုပ်နှံမှု အရှိန်အဟုန်ဖြင့် မြင့်တက်လာခြင်းသည် စွမ်းအင် ကဏ္ဍ၌ အခြားနိုင်ငံများကို ဦး‌ဆောင်လာနိုင်ကြောင်း၊ တရုတ်နိုင်ငံ၏ စွမ်းအင်အသွင် ကူးပြောင်းမှု၌ ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံ GDP ၏ (၄.၅) ရာခိုင်နှုန်းဖြစ်ပြီး အမေရိကန်ကဲ့သို့ နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု (၁.၂)ရာခိုင်နှုန်းထက် ကျော်လွန်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍသည် ၂၀၂၄ ခုနှစ်တွင် ရလဒ်များ ကောင်းမွန်ခဲ့ကြောင်း၊ လေစွမ်းအင်နှင့် ဆိုလာစွမ်းအင် စုစုပေါင်းတပ်ဆင်နိုင်မှုသည် ကီလိုဝပ် (၁.၄)ဘီလီယံကျော်ရှိပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးတွင် ကမ္ဘာ့ဦးဆောင် နိုင်ငံ အဖြစ် ရှိနေကြောင်း သိရှိရပါသည်။

          တရုတ်နိုင်ငံသည် ပတ်ဝန်းကျင်ထိခိုက်မှုမရှိသော စွမ်းအင်အသွင်ပြောင်းမှုတွင် ကမ္ဘာ့ ဦးဆောင်နိုင်ငံဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ပြီး China Petroleum and Chemical Corp ၏ လက်အောက်ရှိ Sinopec Economics and Development Research Institute က တရုတ်နိုင်ငံ၏ စွမ်းအင်အသွင်ကူးပြောင်းမှုတွင် ရင်းနှီးမြှုပ်နှံမှုသည် ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ(၁)ထရီလီယံကျော်ရှိလာမည်ဟု ခန့်မှန်းထားကြောင်းနှင့် စွမ်းအင် ထိရောက်မှုနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ကို အရှိန်မြှင့်တင်ရန် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် စွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို နှစ်ဆတိုးကာ ရင်းနှီးမြှုပ်နှံခဲ့ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ရန်ပုံငွေ (၄၀) ရာခိုင်နှုန်းကျော် (သို့မဟုတ်) ရုပ်ကြွင်းလောင်စာအတွက် ခွဲဝေချထားပေးသည့် ပမာဏထက် အကြမ်းဖျင်းအားဖြင့် (၂)ဆအသုံးပြုခဲ့သည်ဟု အဆိုပါအဖွဲ့အစည်း၏ ဒုတိယ ဥက္ကဋ္ဌ Luo Daqing က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်လျှပ်စစ်ကောင်စီ၏ လျှပ်စစ်သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်သိုလှောင်မှုဌာန ခွဲ၏ လက်ထောက်အထွေထွေအတွင်းရေးမှူး Zhou Libo ၏အဆိုအရ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် integrated energy stations ၊ photovoltaic-storage-charging-charging hubs နှင့် supercharging stations များတွင် ဆက်လက်မြှင့်တင်ရန် စီစဉ်ထား သည်ဟု သိရှိရပါသည်။

BNEF မှ ထုတ်ပြန်သောအချက်အလက်များအရ တရုတ်နိုင်ငံသည် သန့်ရှင်းသော စွမ်းအင် ထောက်ပံ့ရေးကွင်းဆက်တွင် ဆက်လက်ဦးဆောင်ထားနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်ရင်းနှီးမြှုပ်နှံမှု၏ (၈၁)ရာခိုင်နှုန်းအထိရှိကြောင်းနှင့် လာမည့် နှစ်များတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့သန့်ရှင်းသောစွမ်းအင်အသုံးစရိတ်ကို ဆက်လက် ဦးဆောင်ရန် BNEF က မျှော်လင့်ထားကြောင်း သိရှိရပါသည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များအပြင် နျူကလီးယားစွမ်းအင် အပါအဝင် အခြားသော ကာဗွန်ထုတ်လွှတ်မှုနည်းသော စွမ်းအင်ရင်းမြစ်များတွင် ရင်းနှီးမြှုပ်နှံမှုများသည် ၂၀၂၄ ခုနှစ် တွင် သိသိသာသာ မြင့်တက်လာကြောင်း သိရှိရပါသည်။

Source: https://www.chinadaily.com.cn/a/202502/13/WS67ad437ea310a2ab06eabebb.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News