International News

“Banglar Nobojagoron (Bengal Rising 3.0) ကုန်စည်ပြပွဲ နှင့် စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲ” ဖွင့်ပွဲ အခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့မှ ပါဝင်တက်ရောက်

Last Updated:

ဘင်္ဂလားစီးပွားရေးကောင်စီ (Bengal Business Council) မှ ကြီးမှူး၍ ကျင်းပပြုလုပ်လျက်ရှိ သော “Banglar Nobojagoron (Bengal Rising 3.0) ကုန်စည်ပြပွဲနှင့် စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်၊ ဒေသစံတော်ချိန် ညနေ ၆ နာရီမှ ၇ နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့  မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့မှ ဒုတိယ ကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ အနောက်ဘင်္ဂလားပြည်နယ်အစိုးရ၊ Bidhannagar Municipal Corporation ၏ အကြီးအကဲ Madam Krishna chakrobortty၊ ဘင်္ဂလားစီးပွားရေးကောင်စီ (Bengal Business Council) ဒုတိယဥက္ကဌ (Vice President) Mr. Subrata Dutta၊ ဥက္ကဌ (Chairman) Mr. Avishek Auddy နှင့် တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မီဒီယာများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ ကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ၊ အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့၊ Boi Mela Prangan တွင် (၅) ရက်ကြာ ကျင်းပပြုလုပ်လျက်ရှိပါသည်။ ကုန်စည်ပြပွဲနှင့်အတူ စီးပွားရေးဆိုင်ရာဆွေးနွေးပွဲများ၊ ယဉ်ကျေးမှုအနုပညာ၊ ဖျော်ဖြေရေးနှင့် လက်မှု ပစ္စည်းများ၊ အစားအသောက်ပြပွဲများ၊ ခရီးသွားလုပ်ငန်းပြပွဲ၊ ကလေးများအတွက် ကစားရန်နေရာစသည့် ဇုံအမျိုးမျိုးသတ်မှတ်၍ ကြီးကျယ်ခမ်းနားစွာ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ လုပ်ဖေါ်ကိုင်ဖက်နိုင်ငံအနေဖြင့် ပါဝင်ပြသလျက်ရှိကြောင်း သိရပါသည်။

 

 

 

 

 

စီးပွားရေးသံမှူး၊ ကောလ်ကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Category: International News