-ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကွမ်နင်းပြည်နယ်သည် ယခုနှစ် ၁၀ လအတွင်း နိုင်ငံခြား ခရီးသွားဧည့်သည် ၁၆.၇ သန်းကျော်ကို ကြိုဆိုခဲ့ပြီး ယခင်နှစ် အလားတူကာနှင့် နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်းတိုးလာကြောင်း ပြည်နယ်ခရီးသွားလုပ်ငန်းဌာန၏ အဆိုအရသိရှိရပါသည်။ လာရောက်သည့် ခရီးသွားဧည့်သည်များအနက် ၃ သန်းကျော်သည် နိုင်ငံတကာခရီးသွား များဖြစ်ကြောင်း၊ အောက်တိုဘာလ တစ်လတည်းတွင် ခရီးသွား ၁.၁၃ သန်းသည် ပြည်နယ်သို့ လာရောက်လည်ပတ်ခဲ့ကြောင်း၊ ခရီးသွားလုပ်ငန်းမှ စုစုပေါင်းဝင်ငွေသည် ဗီယက်နမ်ဒေါင် ၄၀.၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၅၇ ဘီလီယံ) ကျော်လွန်ရန် ခန့်မှန်းထားကြောင်း သိရှိရပါ သည်။
ကွမ်နင်းသည် ၂၀၂၄ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ၃.၅ သန်းအပါအဝင် ခရီးသွား ၁.၉ သန်းကို ကြိုဆိုရန် ရည်မှန်းထား ကြောင်း သိရှိရပါသည်။ ခရီးသွားလုပ်ငန်းပန်းတိုင်များ အရောက်လှမ်းနိုင်ရေးအတွက် ပြည်နယ်အနေဖြင့် ခရီးသွား မြှင့်တင်ရေးနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး လှုပ်ရှားမှုများ ဖြစ်သည့် အားကစားနှင့် ယဉ်ကျေးမှုပွဲများ ကျင်းပခြင်းစသည့် ခရီးသွားလုပ်ငန်းမြှင့်တင်ရန်နှင့် ဈေးကွက်ချိတ်ဆက်ရန် ဆောင်ရွက်မှုများစွာကို အကောင်အထည်ဖော်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ပြည်နယ်အနေဖြင့် နိုင်ငံတကာခရီးသွားဧည့်သည်များကို ပိုမိုဆွဲဆောင်နိုင်ရန်အတွက် ပြည်နယ်အတွင်း ပင်လယ်ရေကြောင်း လမ်းကြောင်းသစ်များ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိ ရပါသည်။ ၂၀၂၄-၂၀၂၅ ခရီးသွား ရာသီတွင် အပျော်စီးသင်္ဘော အစီး ၆၀ ခန့်ဖြင့် ပြည်နယ်ရှိ Ha Long Bay သို့ ခရီးသွားဦးရေ ၁၀၀,၀၀၀ ကျော် လာရောက်လည်ပတ်မည်ဟု ခန့်မှန်းထား ကြောင်းသိရှိရပါသည်။ အပျော်စီး သင်္ဘောအစီး ၂၀ ခန့်သည် ယခုနှစ်ကုန်တွင် Ha Long Bayသို့ ဆိုက်ကပ်ရန် စီစဉ်ထားပြီး ဥရောပ၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့မှ ခရီးသွားများ လာရောက် လည်ပတ်မည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: Vietnam Economic Times
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)