International News

ထိုင်းနိုင်ငံသည် ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်သွားရန် ပင်လယ်ကွေ့နိုင်ငံ များနှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်များဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ ဆောင် ရွက်သွားရန် ပြန်လည်သုံးသပ်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံသည် ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်သွားရန် ပင်လယ်ကွေ့နိုင်ငံများနှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်များဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်သွား ရန် ပြန်လည်သုံးသပ်လျက်ရှိကြောင်း သိရှိရပါသည်။

အရှေ့အလယ်ပိုင်းတွင် ပင်လယ်ကွေ့နိုင်ငံများသည် ထိုင်းနိုင်ငံ၏ အရေးကြီးသော ဈေးကွက်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် နှစ်ဖက် ကုန်သွယ်ရေးပမာဏသည် အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံရှိခဲ့ကြောင်း၊ ဆီမဟုတ်သော ကုန်စည်နှင့် သဘာဝဓာတ်ငွေ့ကုန်သွယ်မှုသည် ၁၀ ရာခိုင်နှုန်းတိုးတက်မှု ဆက်လက်တိုးတက်နိုင်သည့် အလားအလာရှိပါကြောင်း၊ ထိုင်းကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးဥက္ကဋ္ဌ Ms. Nalinee Taveesin နှင့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ အထွေထွေအတွင်းရေးမှူးချုပ် Mr. Jasem Mohamed Albudaiwi တို့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်‌ရေး ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း၊ နှစ်ဖက်စလုံးသည် ခရီးသွားလုပ်ငန်း အထူးသဖြင့် ကျန်းမာရေးခရီးသွားကဏ္ဍ၊ အစားအစာလုံခြုံစိတ်ချရမှုနှင့် Soft Power တို့တွင် ဦးစား ပေးဆောင်ရွက်သွားဖြစ်ကြောင်း Ms. Nalinee Taveesin က ပြောကြားခဲ့သည်။

နှစ်ဖက်တွေ့ဆုံမှုတွင် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်ညှိနှိုင်းမှုအတွက် အခွင့်အလမ်းများ နှင့် လုပ်ငန်းစဉ်များ အထူးသဖြင့် နားလည်မှုစာချွန်လွှာနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါကြောင်း၊ ဆော်ဒီစားသုံးသူများအတွက် အကြီးဆုံး လက်လီရောင်းချသည့် နေရာနှင့် အရည်အသွေးမြင့် ထုတ်ကုန်များရောင်းချသည့် Othaim Supermarket သို့ သွားရောက်လေ့လာခဲ့ပါကြောင်း၊ အဆိုပါ စူပါမားကတ်ကလည်း ထိုင်းထုတ်ကုန်များကို စိတ်ဝင်စားမှုရှိပြီး တင်သွင်းရန် ဝယ်လိုအားရှိသည်ကို ညွှန်ပြနေပါကြောင်း၊ အထူးသဖြင့် အသင့်စား ဟင်းလျာများ၊ ပြောင်းနှင့် တူနာတို့ဖြစ်ကြောင်း၊ ထိုင်းကိုယ်စားလှယ်အဖွဲ့သည် အဆင့်မြင့် အစား အသောက်ထုတ်ကုန်များကို အဆင့်မြင့်စားသောက်ဆိုင်များနှင့် ဟိုတယ်များသို့ အဓိကဖြန့်ချိသူ Sitaf နှင့်လည်းတွေ့ဆုံခဲ့ပြီး ထိုင်းအစားအစာများကို ဆော်ဒီသို့ တင်သွင်းနိုင်ရေးနှင့် အထူးသဖြင့် လေကြောင်းနယ်ပယ်သို့ ဖြစ်ကြောင်း၊ အစေ့အဆံမျိုးစုံ၊ အသင့်စားခေါက်ဆွဲများသည် ထိုင်းနိုင်ငံအတွက် အခွင့်အလမ်းများဖြစ်ကြောင်း  Ms. Nalinee က ဖြည့်စွက်ပြောကြားခဲ့သည်။  

Source: www.bangkokpost.com စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News