International News

တောင်ကိုရီးယားနိုင်ငံသည် ၂၀၂၉ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ တရားဝင်ဖွံ့ဖြိုးရေး အကူအညီများကို နိုင်ငံပေါင်း ၅၀ အထိ တိုးမြှင့်ပေးအပ်သွားရန်စီစဉ်နေ

Last Updated:

တောင်ကိုရီးယားနိုင်ငံသည် ၂၀၂၉ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ တရားဝင် ဖွံ့ဖြိုးရေးအကူအညီများ (Official Development Assistance- ODA programs) ကို နိုင်ငံ ပေါင်း ၅၀ အထိ တိုးမြှင့်ပေးအပ်သွားရန်စီစဉ်နေသည်ဟု စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက ၁၁-၂-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

ယင်းသို့ဆောင်ရွက်ခြင်းသည် တောင်ကိုရီးယားနိုင်ငံ၏ လယ်ယာစားသောက်ကုန် လုပ်ငန်းကဏ္ဍအား ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းအားမြင့်မားစေရန် ရည်ရွယ်ဆောင် ရွက်မှုများအနက် တစ်ခုပင်ဖြစ်ပါကြောင်း၊ ODA ရယူသည့်နိုင်ငံများ၏ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ဘက်ပေါင်းစုံမှအထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်သည့် အပြင် စားနပ်ရိက္ခာအထောက်အပံ့များလည်း ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ယခုအစီ အစဉ်သည် နိုင်ငံ၏အပြည်ပြည်ဆိုင်ရာ လယ်ယာစိုက်ပျိုးရေး  ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း များကိုမြှင့်တင်ရန် ဆောင်ရွက်မည့် အစိုးရ၏ ၅ နှစ် စီမံကိန်းပါ အစီအစဉ်တစ်ခုဖြစ်ကြောင်း စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေး လက်ရေးရာဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံသည် “ကိုရီးယားဆန်ခါးပတ်ဦးစီးဦး ဆောင်ပြုမှု အစီအစဉ် (K-Ricebelt Initiative)” ကို စတင်လွှင့်တင်ခဲ့ပြီး ဆန်မျိုးစုံ တင်ပို့နိုင်ရေး၊ ဆန်ထုတ် လုပ်မှုနည်းပညာနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများစားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးဆိုင်ရာနည်းပညာနှင့် ဗဟုသုတများမျှဝေနိုင်ရေးတို့ ဆောင်ရွက်ခဲ့ပါကြောင်း၊  လက်ရှိတွင် ဆီနီဂေါနိုင်ငံ၊ ဂါနာ နိုင်ငံ၊ ကင်ညာနိုင်ငံများအပါအဝင် အာဖရိကနိုင်ငံ (၇) နိုင်ငံ တွင် K-Ricebelt Initiative ကို ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊  အခြားသော အာဖရိကနိုင်ငံ (၇) နိုင်ငံသည်လည်း K-Ricebelt Initiative ကို လက်ခံရန် သဘောတူညီချက်အား လက်မှတ် ရေးထိုးပြီးဖြစ်ပါကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

          တောင်ကိုရီးယားနိုင်ငံရှိ လယ်ယာစိုက်ပျိုးရေးကုမ္ပဏီများ ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်ရာတွင် ပြည်ပနိုင်ငံများမှ အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်း များ၊ အကျိုးအမြတ်မယူသော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများ

အကြား ပူးပေါင်းဆောင်ရွက်မှုပုံစံကို အနည်းဆုံး (၁၀) မျိုးရေးဆွဲ၍ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

သို့ဖြစ်၍ ယခု ODA အစီအစဉ်သည် နှစ်ဦီးနှစ်ဖက်အကျိုးရှိသည့် အစီအစဉ် ဖြစ်ပါကြောင်း၊ ODA လက်ခံရရှိသည့်နိုင်ငံများတွင် လယ်ယာကဏ္ဍတိုးတက်မှုကို အထောက် အပံ့ပေးနိုင်မည့်အပြင် တောင်ကိုရီးယားကုမ္ပဏီများပြည်ပဈေးကွက်ရရှိရေး အထောက်အပံ့ ပေးနိုင်မည်ဖြစ်ပါကြောင်း စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနဝန်ကြီး Mr. Song Mi-ryung ကပြောကြားခဲ့ပါသည်။

Source: https://www.koreatimes.co.kr/www/biz/2025/02/602_391969.html#:~:text=Korea%20to%20extend%20agriculture%20ODA%20programs%20to%2050%20countries%20by%202029%3A%20ministry&text=Korea%20plans%20to%20expand%20its,the%20country's%20agri%2Dfood%20industry.

စီးပွားရေးသံမှူး၊ ဆိုးလ်မြို့။

Category: International News