International News

အိန္ဒိယသည် ဒေသခံတောင်သူများအား ပံ့ပိုးကူညီရန် ဟင်းသီးဟင်းရွက်ဆီ တင်သွင်းခွန်အား တိုးမြှင့်ကောက်ခံဖွယ်ရှိ

Last Updated:

အိန္ဒိယနိုင်ငံသည် ပြည်တွင်းဆီထွက်သီးနှံဈေးနှုန်းများ ကျဆင်းမှုကြောင့် ထောင်နှင့်ချီ သော ဆီထွက်သီးနှံတောင်သူများကို ထောက်ပံ့ကူညီရန်အတွက် ဟင်းသီးဟင်းရွက်ဆီများအပေါ် တင်သွင်းခွန်ကောက်ခံမှုအား ခြောက်လအတွင်း ဒုတိယအကြိမ် တိုးကောက်ဖွယ်ရှိကြောင်း အစိုး ရသတင်း ရင်းမြစ်နှစ်ခုက သောကြာနေ့တွင် ပြောကြားခဲ့သည်။

ကမ္ဘာ့အကြီးဆုံးစားသုံးဆီတင်သွင်းသူ၏ သွင်းကုန်ခွန်တိုးမြှင့်ခြင်းသည် ပြည်ပမှ စားအုန်း ဆီ၊ ပဲဆီနှင့် နေကြာဆီများ ဝယ်ယူမှု လျှော့ချနိုင်ခြေရှိပြီး ပြည်တွင်းစားသုံးဆီနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများကို မြင့်တက်စေနိုင်ပါသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် အိန္ဒိယသည် ရေနံစိမ်းနှင့် သန့်စင်ပြီး ဟင်းသီးဟင်း ရွက်ဆီများအပေါ် အခြေခံအကောက်ခွန် ၂၀% ချမှတ်ခဲ့သည်။ ထိုသို့ အခွန်နှုန်းထားပြင်ဆင် ပြီးနောက် စားအုန်းဆီ၊ ပဲဆီနှင့် နေကြာဆီ ကုန်ကြမ်းများသည် ယခင်ကကောက်ခံသည့် ၅.၅ ရာ ခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ၂၇ ဒသမ ၅ ရာခိုင်နှုန်းအထိ တင်သွင်းခွန်ဆောင်ခဲ့ရပြီး ယခုအခါ သန့်စင် ပြီးဖြစ်သော ယင်းဆီသုံးမျိုးအပေါ် အခွန် ၃၅ ဒသမ ၇၅ ရာခိုင်နှုန်း သွင်းကုန်ခွန် ကောက်ခံလျက် ရှိသည်။

အကောက်ခွန်တိုးပြီးသော်လည်း ပဲပုပ်ဈေးသည် အိန္ဒိယအစိုးရက သတ်မှတ်ထားသော ထောက်ပံ့ဈေးထက် ၁၀% အောက်တွင် အရောင်းအဝယ် ဖြစ်နေကြောင်းနှင့် ကုန်သည်များက  လာမည့်လတွင် ရာသီ သီးနှံသစ်များ ဈေးကွက်သို့စတင်ဝင်ရောက်လာသည်နှင့်အမျှ   rapeseed ဈေးနှုန်းများ  ထပ်မံကျဆင်းရန် မျှော်လင့်ထားနေကြကြောင်း သိရှိရသည်။

ပြည်တွင်းပဲပုပ်ဈေးသည် ၁၀၀ ကီလိုဂရမ်လျှင် ၄၃၀၀ ရူပီး (၄၉.၆၄ ဒေါ်လာ) ဝန်းကျင် ရှိပြီး နိုင်ငံတော်မှသတ်မှတ်ထားသော အနိမ့်ဆုံးထောက်ပံ့ဈေး ၄၈၉၂ ရူပီးထက် နိမ့်ကျလျက်ရှိ သည်။ ဆီထွက်သီးနှံဈေးနှုန်းများ နိမ့်ကျခြင်းကြောင့် စားသုံးဆီတင်သွင်းခွန်များ တိုးမြှင့်ကောက် ခံသင့်သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားထားပြီး တိုးမြှင့်မည့် ပမာဏအတိအကျကို မဆုံး ဖြတ်ရသေးကြောင်း သိရသည်။

ဆီထွက်သီးနှံ တောင်သူများသည် ဖိအားများခံနေရပြီး ဆီထွက်သီးနှံများ စိုက်ပျိုးရာတွင် ၎င်းတို့၏ စိတ်ဝင်စားမှုကို ဆက်လက်ထိန်းသိမ်းထားရန် ပံ့ပိုးကူညီမှုများ လိုအပ်နေကြောင်း Solvent Extractors' Association of India မှ အမှုဆောင်ဒါရိုက်တာ B.V. Mehta က ပြောကြားခဲ့သည်။

အိန္ဒိယ ဆီကြိတ်ခွဲသန့်စင်သည့် လုပ်ငန်းရှင်များက မတ်လ မှ ဇွန်လအတွင်း တင်ပို့ရန် စီစဉ်ထားသော စားအုန်းဆီကုန်ကြမ်း မက်ထရစ်တန် ၁ သိန်းအား တင်သွင်းခွန် တိုးလာခြင်း ကြောင့် ပယ်ဖျက်ခဲ့သည်ဟု Reuters က ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

 

အိန္ဒိယသည် ၎င်း၏ ဟင်းသီးဟင်းရွက်ဆီလိုအပ်ချက်၏ သုံးပုံနှစ်ပုံနီးပါးကို ပြည်ပမှ တင် သွင်းနေရပြီး  ဆီအုန်းကို အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ အဓိကဝယ်ယူကာ ပဲဆီနှင့် နေ ကြာဆီတို့ကို အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းတို့မှ တင်သွင်းကြောင်း သိရှိရသည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံတွင် ပြည်တွင်းဆီထွက်သီးနှံဈေးနှုန်းကျဆင်းမှုကိုတားဆီးနိုင်ရန် နှင့် ဆီထွက်သီးနှံစိုက်ပျိုးသူ တောင်သူများအား အထောက်အပံ့ဖြစ်စေရန်အတွက် ပြည်ပမှ တင်သွင်းသည့် ဟင်းသီးဟင်းရွက်ဆီများကို အခွန်နှုန်း တိုးမြှင့်ကောက်ခံရန် ပြင်ဆင်ဆောင်ရွက် လျက်ရှိမှုအခြေအနေအား သိရှိနိုင်ပါရန်တင်ပြအပ်ပါသည်။

Source: India likely to raise vegetable oil import taxes to help support local farmers, The Economic Times, 21 February, 2025.

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News