အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည်အရှိန်အဟုန်ဖြင့် မြင့်တက်လာမည်ဟု မျှော်လင့် ရကြောင်း၊ ဂျီဒီပီတိုးတက်မှုနှုန်းမှာ ခန့်မှန်းခြေအားဖြင့် ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလ ပတ် (Q2FY25) တွင် ၅ ဒသမ ၄ ရာခိုင်နှုန်းသာရှိခဲ့ရာမှ တတိယသုံးလပတ် (Q3FY25) တွင် ၆ ဒသမ ၂ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း အိန္ဒိယပြည်ထောင်စုဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းအစီရင်ခံစာတွင် ၂၀၂၅ ဘဏ္ဍာနှစ်၏ ပထမနှစ်ဝက် (H1-FY25) တွင် ဖြစ်ပေါ်ခဲ့သော GDP နှင့် Gross Value Added (GVA) တိုးတက်မှုအကြား အနုတ်လက္ခဏာ ကွာဟချက်သည် တတိယသုံးလပတ် Q3FY25 တွင် ပျက်ပြယ်သွားဖွယ်ရှိကြောင်း အလေးထားဖော်ပြထားသည်ကို တွေ့ရှိရသည်။
သို့ရာတွင် အဆိုပါအစီရင်ခံစာသည် GDP အချက်အလက်များတွင်ပြသထားသော သွယ် ဝိုက်အခွန်နှုန်းများ၏ တိုးတက်မှုလမ်းကြောင်းနှင့် ဘဏ္ဍာရေးအချက်အလက်များအကြား သီးခြား ကွာခြားမှုရှိနေကြောင်းထောက်ပြခဲ့သည်။ ယင်းသည် ယခုသုံးလပတ်တွင် ဘဏ္ဍာရေး အချက် အလက်များအရ သွယ်ဝိုက်အခွန်နှုန်း တိုးတက်မှုနည်းလာမှုသည် Q3FY25 တွင် GDP နှင့် GVA ကြား တိုးတက်မှုကွာဟချက် ဆက်လက်ဖြစ်နိုင်မှုရှိကြောင်း သတိပေးခဲ့သည်။
အစီရင်ခံစာသည် ၎င်း၏တစ်နှစ်တာ GDP တိုးတက်မှု ခန့်မှန်းချက်ကို ၆ ဒသမ ၄ ရာခိုင် နှုန်းဖြင့် မပြောင်းလဲဘဲ ဆက်လက်ထားရှိသဖြင့် ဘဏ္ဍာနှစ်၏ ပထမနှစ်ဝက် H1FY25 တွင် တိုး တက်မှု ၆ ရာခိုင်နှုန်းသာရှိသောကြောင့် ဘဏ္ဍာနှစ်၏ ဒုတိယနှစ်ဝက် (H2) တွင် တိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်း လိုအပ်မည်ဖြစ်ပါသည်။
လာမည့် GDP အချက်အလက်ထုတ်ပြန်မှုသည် နိုင်ငံ၏စီးပွားရေးစွမ်းဆောင်ရည်ကို ပိုမိုရှင်းလင်းစွာပြသနိုင်မည်ဖြစ်ပြီး ဘဏ္ဍာနှစ်ဒုတိယနှစ်ဝက်တွင် တိုးတက်မှုအရှိန်ဆက်လက် ရှိမရှိ အကဲဖြတ်နိုင်ရန် အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်းနှင့် ၂၀၂၅ ဘဏ္ဍာနှစ် တတိယ သုံးလပတ်အတွက် GDP အချက်အလက်များကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန် မည်ဖြစ်ကြောင်း သိရှိရသည်။
Source: India’s GDP growth likely to improve to 6.2 pc in Q3FY25 from 5.4 pc in Q2FY25: Union Bank of India, The Economic Times, 22 February, 2025.
(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)