International News

အထင်ကရ သဘောတူညီချက်သုံးခုဖြင့် ယူအေအီးနှင့် အီတလီနိုင်ငံတို့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံမှုများကို ခိုင်မာစေခဲ့

Last Updated:

ယူအေအီးနိုင်ငံရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနသည် ဉာဏ်ရည်တု (AI) နှင့် ဒေတာစင်တာ များအပါအဝင် ဆေးဝါးများ၊ ဓာတ်သတ္တုများ နှင့်ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံ ကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်သွားမည့် နားလည်မှုစာချွန်လွှာ (MoU) သုံးခုကို အီတလီနိုင်ငံ နှင့် လက်မှတ်ရေးထိုးခဲ့ပါသည်။

ယူအေအီးနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Mohamed Hassan Alsuwaidi နှင့် အီတလီ နိုင်ငံတွင်ပြုလုပ်သည့် စီးပွားရေးလုပ်ငန်းများဝန်ကြီး Adolfo Urso တို့က လက်မှတ်ရေးထိုးခဲ့ ကြသည့် အဆိုပါ သဘောတူညီချက်များသည် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် နည်းပညာဆိုင် ရာ မိတ်ဖက်ဆက်ဆံရေး များကိုမြှင့်တင်ရာတွင် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။ အဆိုပါ MoU များသည် ၁၉၈၄ စီးပွားရေးနှင့် စက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ရေးသဘောတူညီချက်နှင့် ၁၉၉၅ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် ကာကွယ်မှု သဘောတူညီ ချက်တို့အပါအဝင် တည်ဆဲနှစ်နိုင်ငံသဘောတူညီချက်များအပေါ်တွင် အခြေခံထားခြင်း ဖြစ်ပါသည်။

ဤပူးပေါင်းဆောင်ရွက်မှုသည် ရေရှည်တည်တံ့ခိုင်မြဲသောတိုးတက်မှု၊ ဆန်းသစ် တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးတို့အတွက် ယူအေအီးနိုင်ငံ၏ ကတိကဝတ် အောက်တွင် ဦးစားပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း Alsuwaidi မှ အလေးထားပြောကြားခဲ့ ပါသည်။ Urso က နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများနှင့် စီးပွားရေးလုပ်ငန်းတိုးတက်မှု များကို အားဖြည့်ပေးသည့် စီးပွားရေးအခွင့် အလမ်းသစ်များအတွက် အလားအလာများကို မီးမောင်းထိုး ဖော်ပြခဲ့ပါသည်။

ဆေးဝါးဆိုင်ရာ နားလည်မှုစာချွန်လွှာတွင် ဇီဝနည်းပညာ၊ ကာကွယ်ဆေး ထုတ်လုပ် ခြင်းနှင့် ကင်ဆာရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါများနှင့် ရှားပါးအခြေအနေများတွင် အဆင့်မြင့်သုတေသန ပြုလုပ်ခြင်းများကို အဓိကထားဆောင်ရွက်မည်ဖြစ်ပါသည်။ ၎င်းသည် AI ဦးဆောင်သည့် ဆေးဝါး ဖွံ့ဖြိုးတိုးတက်မှုနှင့်ထုတ်လုပ်မှုတို့ကို လွယ်ကူချောမွေ့စေရန် လည်း ရည်ရွယ်ထားပါသည်။

ဒုတိယနားလည်မှုစာချွန်လွှာတွင် ရေရှည်တည်တံ့ခိုင်မြဲသော သတ္တုတူးဖော်ရေး၊ ဓာတ်သတ္တုရှာ ဖွေရေးနှင့် သယံဇာတဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်သွားမည်ဖြစ်ပြီး တာဝန်သိအလေ့အကျင့်များနှင့် လုပ်သားအင်အားလေ့ကျင့်ရေးတအပေါ် အလေးပေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ တတိယသဘောတူညီချက်တွင် ကမ်းလွန်ပင်လယ်ပြင် ဓာတ်အားလိုင်း တည်ဆောက်ရန်အတွက် ပိုမိုထိရောက်စွာ အတူပူးပေါင်းဆောင်ရွက်ရန် ဆန်းသစ်သောနည်းလမ်းတစ်ခုဖြစ်သည့် 2 GW စွမ်းရည်ဦးတည်မှုဖြင့် မြစိမ်းရောင်ဒေတာ စင်တာများတည်ထောင်ခြင်းနှင့် နယ်စပ်ဖြတ်ကျော်ဒေတာ ခံနိုင်ရည်ရှိမှုအတွက် ပုံရိပ်ယောင် အချက်အလက်သံရုံးများ (Virtual Data Embassies) ဖွံ့ဖြိုးတိုး တက်ရေးတို့ အပါအဝင် AI နှင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုကိုမြှင့် တင်ဆောင်ရွက်သွား မည် ဖြစ်ပါသည်။

အဆိုပါသဘောတူညီချက်များသည် ယူအေအီး-အီတလီစီးပွားရေးဆက်ဆံမှုကို ပိုမို ခိုင်မာစေကာ ၂၀၂၃ ခုနှစ်အတွင်း နှစ်နိုင်ငံအကြားရေနံမဟုတ်သောကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၇.၂၂ ဘီလီယံအထိရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်အစောပိုင်းတွင် ၂၂ % တိုးတက်လာခဲ့ပါသည်။ လက်ရှိတွင်အီတလီကုမ္ပဏီပေါင်း ၆၀၀ ကျော်တို့မှ ယူအေအီးနိုင်ငံ နှင့်လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြပြီး စီးပွားရေးပူးပေါင်း ဆောင်ရွက်သည့် နက်ရှိုင်းမှု မှာ ပိုမိုထင်ဟပ်လျှက်ရှိပါသည်။

ယူအေအီးနိုင်ငံသည်ပြင်သစ်နိုင်ငံနှင့်လည်း မကြာသေးမီက ပူးပေါင်းဆောင်ရွက်မှု များကိုပြုလုပ်ခဲ့ပြီးနိုင်ငံ ပိုမိုကျယ်ပြန့်သော AI မဟာဗျူဟာသည် AI မောင်းနှင်သော ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုတို့တွင် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်သူ တစ်ဦးဖြစ်လာရန် ရည်ရွယ်ထားသည့် ၎င်းတို့၏ရည်မှန်းချက်ကို အလေးပေးဖော်ပြနေခြင်း ဖြစ်ကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့။

Category: International News