International News

အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှုလိုငွေသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် (၃၄) ရာခိုင်နှုန်းတိုးလာ

Last Updated:

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန်နိုင်ငံ၏ သွင်းကုန်တိုးလာခဲ့သဖြင့်  ကုန်သွယ်မှု လိုငွေသည် (၃၄) ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ (၄၀၁.၂) ဘီလီယံရှိရာ (၁၀) ရာခိုင်နှုန်းအထိ တိုးလာခဲ့ပါကြောင်း၊ သို့ရာတွင် ပို့ကုန်ပမာဏသည် အမေရိကန် ဒေါ်လာ (၂၆၉.၈) ဘီလီယံရှိရာ တိုးနှုန်း (၁.၂) ရာခိုင်နှုန်းသာ တိုးတက်ခဲ့ကြောင်း၊ ထို့ကြောင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ (၁၃၁.၄) ဘီလီယံရှိပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ တွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ (၉၈.၁) ဘီလီယံရှိသဖြင့် (၃၄) ရာခိုင်နှုန်း တိုးလာခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ ကုန်သွယ်မှုလိုငွေတိုးလာခြင်းသည် အမေရိကန်အစိုးရက သွင်းကုန်ခွန် ကောက်ခံမှုမချမှတ်မီကာလအတွင်း ကုန်ထုတ်သွင်းအားစုများကို ယခုနှစ် နှစ်ဆန်း ပိုင်းတွင် ကြိုတင်ဝယ်ယူကြခြင်းကြောင့် ဖြစ်ပါကြောင်းနှင့် သွင်းကုန်တိုးလာခြင်းသည် လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများ (Industrial Supplies and Materials)ကဏ္ဍ၌ အမေရိကန်ဒေါ်လာ(၂၃.၁) ဘီလီယံ၊ စားသုံး ကုန်စည်များ (Consumer goods) ကဏ္ဍ၌ အမေရိကန်ဒေါ်လာ (၆.၀) ဘီလီယံ၊ ရင်းနှီးမြှုပ်နှံမှုကုန် ပစ္စည်းများ (Capital goods) ကဏ္ဍ၌ အမေရိကန်ဒေါ်လာ (၄.၆) ဘီလီယံ အသီးသီးတိုးမြှင့်တင်သွင်း ခဲ့ကြ၍ဖြစ်ကြောင်း သိရှိရပါသည်။

 

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။

Category: International News