Local News

နိုဝင်ဘာလတတိယပတ်မန္တလေးကုန်စည်ဒိုင်၏မြေပဲဆံဈေးနှုန်းဈေးကွက်အခြေအနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ မကွေး၊ နတ်မောက် ၊ စစ်ကိုင်း၊ ဝက်လက်၊ နွားထိုး၊ မြင်းမူ၊ ကျောက်ဆည်၊ မလှိုင်၊ မြင်းခြံ၊ ပခုက္ကူ ဘက်မှ မြေပဲဆံ အသစ်များ ဝင်ရောက်လျှက်ရှိပြီး မြေပဲလုံးဆံနီများကို တရုတ်ဝယ်လက်မှဝယ်ယူလျှက်ရှိ၍ ဈေးမြင့်လာကြောင်း ၊ဆီဆံ များကို ဆီစက် များမှဝယ်ယူလျှက် ရှိကြောင်းသိရသည်။

 မြေပဲလုံးဆံ(ဖြူ)တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင်ကျပ်၅၃၀၀မှ၅၄၀၀၊ယခင်တစ်ပတ်ကျပ်၅၂၀၀ မှ ၅၃၀၀၊ ယခင်လ ကျပ် ၅၇၀၀ မှ ၅၈၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ်၁၀၀မြင့်တက်လာပြီး၊ ယခင်လထက်ကျပ် ၄၀၀နိမ့်ကျလာသည်။

 မြေပဲလုံးဆံ(အနီ)တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင် ကျပ် ၅၇၀၀ မှ ၆၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၅၂၀၀ မှ ၅၃၀၀ ၊ ယခင်လ ကျပ် ၅၅၀၀ မှ ၅၈၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက်ကျပ် ၅၀၀ မှ၇၀၀၊  ယခင်လထက်ကျပ် ၂၀၀ မြင့်တက်လာသည်။

မြေပဲ(ဆီဆံ) တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင် ကျပ် ၄၈၀၀ မှ ၅၁၀၀ ယခင်တစ်ပတ် ကျပ် ၄၇၀၀ မှ ၅၀၀၀၊ ယခင်လကျပ် ၄၈၀၀ မှ ၅၅၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀ မြင့်  တက်လာပြီး၊ ယခင်လထက်ကျပ် ၄၀၀ နိမ့်ကျလာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News