Local News

မန္တလေးကုန်စည်ဒိုင်နှမ်းဈေးကွက်အခြေအနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နှင့် မန္တလေးအနီးတဝိုက်မှ နှမ်းအသစ်များ ဝင်ရောက်နေပြီး အရောင်းဝယ်အေးဈေးအေးနေပြီး တရုတ်ဝယ်လက်မှ အနည်းငယ် ဝယ်ယူမှုရှိ ကြောင်းသိရသည်။ နှမ်းဖြူ နှင့် နှမ်းညိုမှာ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး ယခင်လထက် ဈေးနိမ့်နေသည်။ နှမ်းနက်(စမုံ)မှာ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀ ထိဈေးမြင့်လာပြီး၊ ယခင်လထက် ဈေးနိမ့်ကြလာသည်။

နှမ်းဖြူ(ရိုးရိုး) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၇၀၀၀၀ ၊ယခင် တစ်ပတ် ကျပ် ၂၇၀၀၀၀၊ ယခင်လကျပ် ၂၈၀၀၀၀မှ ၂၇၀၀၀၀ ဖြစ်သည်။ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး၊ယခင်လထက်ကျပ် ၁၀၀၀၀  နိမ့်ကျလာသည်။

နှမ်းညို ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၂၅၀၀၀၊ယခင်တစ်ပတ်ကျပ်၂၂၅၀၀၀၊ယခင်လကျပ်၂၃၅၀၀၀မှ၂၄၀၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက် ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀နိမ့်ကျလာသည်။

နှမ်းနက်(စမုံ) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ခုတစ်ပတ်ကျပ်၂၅၀၀၀၀မှ၃၀၀၀၀၀၊ယခင်တစ်ပတ်ကျပ်၂၄၀၀၀၀မှ၂၈၅၀၀၀၊ယခင်လကျပ်၂၇၀၀၀၀မှ၃၁၀၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀၊ ယခင်လထက် ကျပ် ၁၀၀၀၀ မှ ၂၀၀၀၀ နိမ့်ကျလာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News