Local News

နှမ်းရောင်စုံစျေးကောင်းရ

Last Updated:

နှမ်းရောင်စုံစျေးကောင်းရ

                    နွေနှမ်းများ အထွက်နှုန်းကောင်းသလို စျေးကောင်းလည်းရနေကာ နှမ်းနက်အပါအဝင် နှမ်းရောင်စုံ စျေးပြန်တက်နေတာကို တွေ့ရပါတယ်။ ယခုနှစ်အတွင်း GAPနည်းစနစ်နဲ့စိုက်ပျိုးခဲ့ကြလို့ အက်စစ်ပါဝင်မှု ၂%အောက် ရှိတဲ့နှမ်းများ စျေးကွက်အတွင်း အရောင်းအဝယ်သွက်နေကြောင်း သိရပါတယ်။ စျေးကွက်လိုအပ်ချက်အရ အက်ဆစ် ပါဝင်မှု (၃%၊၄%)အောက်ရှိသော နှမ်းများလည်း နောက်ပိုင်းမှာ အဝယ်လိုက်လာနိုင်တယ်လို့ ကုန်သည်အသိုင်းအဝိုင်းမှ သုံးသပ်တာကိုတွေ့ရပါတယ်။ လက်ရှိနှမ်းလှိုင်လှိုင်ပေါ်ချိန်မှာ နှမ်းစျေးကွက်စျေးကောင်းရနေပြီး အရောင်းအဝယ် လည်း သွက်နေတယ်လို့သိရပါတယ်။ ပြည်ပတင်ပို့မှုအနေဖြင့် ဆီထွက်သီးနှံများကို ပြန်လည်တင်ပို့ခွင့် ပြုမည်ဆိုသည့် သတင်းကြောင့် နှမ်းမျိုးစုံစျေးများ မြင့်တက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။

          ယခုတစ်ပတ်နှမ်းစျေးနှုန်းများကတော့ နှမ်းနက်(စမုံ)သစ် ၄၅ပိသာ(၃)တင်းဝင်(၁)အိတ်လျှင် ကျပ်(၂၅ဝဝဝဝ)၊ နှမ်းနက်(စမုံ)ဟောင်း ၄၅ပိသာ(၃)တင်းဝင်(၁)အိတ်လျှင် ကျပ်(၂၂ဝဝဝဝ)၊ နှမ်းဂွနက်(ရိုးရိုး) ၄၅ပိသာ(၃)တင်းဝင် (၁)အိတ်လျှင် ကျပ်(၁၇၅ဝဝဝ)၊ နှမ်းဖြူ(သစ်)မကွေး ၄၅ပိသာ(၃)တင်းဝင်(၁)အိတ်လျှင် ကျပ်(၂၁ဝဝဝဝ)၊ နှမ်းနီ၄၅ ပိသာ(၃)တင်းဝင်(၁)အိတ်လျှင် ကျပ်(၁၈၅ဝဝဝ)၊ နှမ်းညိုကြား ၄၅ပိသာ(၃)တင်းဝင်(၁)အိတ်လျှင် ကျပ်(၁၆၅ဝဝဝ)၊ နှမ်းဖြူ(ဂျပန်) ၄၅ပိသာ(၃)တင်းဝင်(၁)အိတ်လျှင် ကျပ်(၂၃၅ဝဝဝ)စျေးတို့ဖြစ်သော အမြင့်စျေးများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ရာ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက နှမ်း၄၅ပိသာ(၃)တင်းဝင်(၁)အိတ်လျှင် ကျပ်(၅ဝဝဝ)မှကျပ်(၄ဝဝဝဝ)အထိ အသီးသီးစျေးနှုန်းများ ပိုမိုမြင့်တက်လာကို တွေ့ရပါတယ်။

                                                                                                                                                                ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News