Local News

မြေပဲဆံကိုပြည်ပတင်ပို့ခြင်းပြန်လည်ခွင့်ပြု၍ဈေးမြင့်တက်လာ

Last Updated:

ပြည်ပတင်ပို့ခွင့်ပိတ်ထားသည့်မြေပဲဆံကို ပြန်လည်တင်ပို့ခွင့်ပြုလိုက်သောကြောင့် မန္တလေးကုန်စည်ဒိုင်တွင်မြေပဲဆံဈေးများမြင့်တက်လာခဲ့သည်။

မြေပဲလုံးဆံ(နီ)တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင် ကျပ် ၄၇၀၀၊ယခင်တစ်ပတ်ကျပ် ၄၂၀၀၊ ယခင်လကျပ် ၃၉၅၀ ဖြစ်သည်။

ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၊ ယခင်လထက်ကျပ် ၇၅၀ မြင့်တက်လာသည်။

မြေပဲလုံးဆံ(ဖြူ) တစ်ပိဿာဈေးနှုန်းမှာ ယခုတစ်ပတ်တွင်ကျပ် ၄၇၀၀၊ ယခင်တစ်ပတ်ကျပ် ၄၃၅၀၊ ယခင်လကျပ် ၄၁၅၀ ဖြစ်သည်။

ယခင်တစ်ပတ်ထက်ကျပ် ၃၅၀၊ ယခင်လကျပ် ၅၅၀ မြင့်တက်လာသည်။

မြေပဲ(ဆီဆံ) တစ်ပိဿာဈေးနှုန်းမှာ ယခုတစ်ပတ်တွင်ကျပ် ၄၆၀၀၊ ယခင်တစ်ပတ်ကျပ် ၄၂၀၀၊ ယခင်လကျပ် ၄၀၀၀ဖြစ်သည်။

ယခင်တစ်ပတ်ထက်ကျပ် ၄၀၀၊ ယခင်လထက်ကျပ် ၆၀၀ မြင့်တက်လာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News