၂၃-၁-၂၀၂၀ ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်၊ပခုက္ကူကုန်စည်ဒိုင်၊ ရေစကြိုကုန်စည်တို၏နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊
မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင် (၁၆-၁-၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့် နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)(၃၀၀၀၀/-) ကျပ်စျေးတက်ကာ ဂွနက်(ရိုးရိုး)(၅၀၀၀/-)ကျပ်စျေးကျပြီး နှမ်းနီ၊ နှမ်းညိုကြား စျေးများ အပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၁၂၅၀ မှ ၂၂၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာယခင် (၁၆-၁-၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲလွန်းဝါသေး( ၅၀၀/- ) ၊ ပဲစဉ်းငုံ (သစ်) (၁၀၀/-) ၊ စားတော်ပဲ (၅၀၀/-)ကျပ် စျေးတက်၍ ကုလားပဲ (929) (၁၀၀၀/- ) ၊ ကုလားပဲ(HL )(၅၀၀/- ) ပဲစဉ်းငုံ (ဟောင်း) (၅၀၀/-) မတ်ပဲ(၅၀၀/-)ကျပ်စျေးကျကာ ကျန်ပဲမျိုးစုံ စျေးများ အပြောင်းအလဲ မရှိဘဲအရောင်းအဝယ်ဖြစ် လျက် ရှိပါသည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့်် ယခင် ( ၁၆-၁-၂၀၂၀ ) ရက်စျေးနှုန်း ထက်မြေပဲလုံးဆံနီ(လိုင်း)(၅၀/-) ကျပ်စျေးတက်ပြီး မြေပဲလုံးဆံဖြူ(လိုင်း)(၂၅/-)ကျပ်စျေးကျကာ မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး)၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့်မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။
ဆီ
ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ ( ၁၆.၁.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ ၊မြေပဲဆီ၊နှမ်းဆီစျေးအပြောင်းအလဲမရှိဘဲအရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။
ဆန်
မကွေးကုန်စည်ဒိုင်စျေးအရဆန်အနေဖြင့် (၁၆.၁.၂၀၂၀) ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်(အဟောင်း)(၇၀၀၀/) ၊ပေါ်ဆန်းမွှေးဖျာပုံ(၅၅၀၀/)ကျပ်စျေးတက်ပြီး ပေါ်ဆန် မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။
ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ပခုက္ကူကုန်စည်ဒိုင်တွင် ယခင် (၁၆-၁-၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက နှမ်းစမုံ ပုံမှန် (၁၀၀၀/-) ၊ နှမ်းဂွနက်(၃၀၀၀/-)၊ ပဲစဉ်းငုံ 2020 ( ၁၀၀/- ) ၊ ကုလားပဲဝါ(929)(၁၀၀၀/-) ၊ ပဲလွန်းပြာသစ်(၂၀၀၀/-) ၊ ပဲတီစိမ်းသေး(၅၀၀/-) ကျပ် စျေးကျပြီး ကျန်ပဲမျိုးစုံနှင့်နှမ်း စျေးများ အပြောင်းအလဲ မရှိဘဲ နှမ်းမျိုးစုံ (၆၂၀) အိတ်၊ ပဲမျိုးစုံ (၂၉၀) အိတ် အရောင်းအဝယ် ဖြစ်လျက်ရှိ ပါသည်။
ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ပဲမျိုးစုံ/ဆီ
ရေစကြိုကုန်စည်ဒိုင်တွင် ယခင် ( ၁၆-၁-၂၀၂၀ )ရက်စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၈၀/-)၊ မတ်ပဲ(၁၀၀၀/)၊ ပဲလွန်းပြာ(၃၀၀၀/-)၊ ကုလားပဲ(HL)(၅၀၀/-)၊ ကုလားပဲ(929) (၁၅၀၀/-)၊ ကုလားပဲ(V2) (၁၀၀၀/-) ကျပ် စျေးကျကာ ပြောင်းဖူးစေ့ (CP) ( ၁၀၀/- )ကျပ် စျေးတက်၍ ကျန် ပဲမျိုးစုံစျေးများအပြောင်းအလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။