ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီးအတွင်းရှိကုန်စည်ဒိုင်တို့၏(၂၇-၁-၂၀၂၀)ရက်နေ့ကုန််စျေးနှုန်းနှင့်ကာလတူနှိုင်းယှဉ်ချက်

Last Updated:

၂၇-၁-၂၀၂၀ ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်၊ပခုက္ကူကုန်စည်ဒိုင်၊ ရေစကြိုကုန်စည်တို၏နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင် (၂၀--၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဂွနက်(ရိုးရိုး) (၁၀၀၀၀/-)ကျပ် စျေးကျပြီး နှမ်းနက်(စမုံ)၊ နှမ်းနီ၊ နှမ်းညိုကြား စျေးများ အပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၁၁၅၀ မှ ၂၁၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာယခင် (၂၀--၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲလွန်းဝါသေး( ၂၀၀၀/- )   ၊ စားတော်ပဲ (၅၀၀/-)ကျပ် စျေးတက်၍  ကုလားပဲ (929) (၁၈၀၀/- ) ၊  ကုလားပဲ(HL )(၁၃၀၀/- )၊    ကုလားပဲသေး(၅၀၀/-)၊ ပဲစဉ်းငုံ (သစ်) (၇၀၀/-) ၊  ပဲစဉ်းငုံ (ဟောင်း) (၅၀၀/-)၊ မတ်ပဲ(၅၀၀/-)  ကျပ်စျေးကျကာ ကျန်ပဲမျိုးစုံ စျေးများ အပြောင်းအလဲ မရှိဘဲအရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့််     ယခင် ( ၂၀--၂၀၂၀ ) ရက်စျေးနှုန်း ထက်မြေပဲလုံးဆံနီ(လိုင်း)(၂၅၀/-) ကျပ်စျေးကျကာ မြေပဲလုံးဆံဖြူ(လိုင်း) မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး)၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့်မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ ( ၂၀..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ ၊မြေပဲဆီ၊နှမ်းဆီစျေးအပြောင်းအလဲမရှိဘဲအရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။

 

 

ဆန်

          မကွေးကုန်စည်ဒိုင်စျေးအရဆန်အနေဖြင့် (၂၀.၁.၂၀၂၀) ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာ ပဒေသာခပ်ချက်(အဟောင်း) ၊ပေါ်ဆန်းမွှေးဖျာပုံ၊ ပေါ်ဆန် မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။

 

ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

             ပခုက္ကူကုန်စည်ဒိုင်တွင်    ယခင် (၂၀--၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက နှမ်းစမုံရှယ် (၂၀၀၀/-)   နှမ်းစမုံ ပုံမှန် (၃၀၀၀/-) ၊  နှမ်းဂွနက်(၁၀၀၀/-)၊ ပဲစဉ်းငုံ 2020  ( ၁၁၀၀/- ) ၊ ကုလားပဲ ဝါ (929)(၈၀၀/-) ကျပ်စျေးကျပြီး ပဲနောက်စိမ်းသေး (၁၀၀၀/-)ကျပ်စျေးမြင့်တက်ကာ ကျန်ပဲမျိုးစုံ နှင့်နှမ်းစျေးများအပြောင်းအလဲ မရှိဘဲ နှမ်းမျိုးစုံ (၅၀၀) အိတ်၊ ပဲမျိုးစုံ (၃၆၀) အိတ် နှင့်စီပီ ပြောင်း (၅၀)အိတ်အရောင်း အဝယ် ဖြစ်လျက်ရှိ ပါသည်။

 

ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

ပဲမျိုးစုံ/ဆီ

                          ရေစကြိုကုန်စည်ဒိုင်တွင် ယခင် ( ၂၀--၂၀၂၀ )ရက်စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၃၀/-)၊ မတ်ပဲ    (၂၀၀၀/) ၊ ကုလားပဲ(HL) (၅၀၀/-) ၊ ကုလားပဲ(929) (၈၀၀/-)၊ ပဲပုတ် (၅၀၀/-) ၊ ပြောင်းဖူးစေ့ (CP) ( ၁၀၀/- )ကျပ်  စျေးကျကာ ကျန် ပဲမျိုးစုံစျေးများ အပြောင်း အလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။