ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီးအတွင်းရှိကုန်စည်ဒိုင်တို့၏(၂၉-၁-၂၀၂၀)ရက်နေ့ကုန််စျေးနှုန်းနှင့်ကာလတူနှိုင်းယှဉ်ချက်

Last Updated:

၂၉-၁-၂၀၂၀ ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်၊ပခုက္ကူကုန်စည်ဒိုင်၊ ရေစကြိုကုန်စည်တို၏နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊

 

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင် (၂၂--၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဂွနက်(ရိုးရိုး) နှမ်းနက်(စမုံ)၊ နှမ်းနီ၊ နှမ်းညိုကြား စျေးများ အပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၁၁၀၀ မှ ၁၉၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာယခင် (၂၂--၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်း(၁၀၀၀/-)၊ ပဲနောက် (သေး)(၁၀၀၀/-)၊ကုလားပဲ (929) (၅၀၀/- ) ၊  ကုလားပဲ(HL )(၇၀၀/- )၊    ပဲစဉ်းငုံ (သစ်) (၉၀၀/-) ကျပ်စျေးကျကာ ကျန် ပဲမျိုးစုံ စျေးများ အပြောင်းအလဲ မရှိဘဲအရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့််     ယခင် ( ၂၂--၂၀၂၀ ) ရက်စျေးနှုန်း ထက်မြေပဲလုံးဆံနီ(လိုင်း) ၊မြေပဲလုံးဆံဖြူ(လိုင်း)၊ မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး)၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့်မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ ( ၂၂..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ ၊မြေပဲဆီ၊နှမ်းဆီစျေးအပြောင်းအလဲမရှိဘဲအရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။

 

 

ဆန်

          မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၂၂.၁.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ပေါ်ဆန်းမွှေးဖျာပုံ(၁၀၀၀/-)စျေးတက်ကာ ဧရာပဒေသာခပ်ချက်(အဟောင်း) ၊ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။

 

ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

             ပခုက္ကူကုန်စည်ဒိုင်တွင်    ယခင် (၂၂--၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါကနှမ်းဆီသန့် (၅၀၀/-)၊ နှမ်းစမုံရှယ် (၆၀၀၀/-)  ၊ နှမ်းစမုံ ပုံမှန် (၅၀၀၀/-) ၊  နှမ်းဂွနက်(၃၀၀၀/-)၊ ပဲစဉ်းငုံ 2020  ( ၁၁၀၀/- ) ၊ ကုလားပဲ ဝါ (HL)(၁၄၀၀/-) ကျပ် စျေးကျပြီး ကျန်ပဲ မျိုးစုံ နှင့်နှမ်းစျေးများအပြောင်း အလဲမရှိဘဲ  နှမ်းမျိုးစုံ (၇၀၀) အိတ်၊   ပဲမျိုးစုံ(၅၅၀)အိတ်အရောင်း အဝယ် ဖြစ်လျက်ရှိ ပါသည်။

 

ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

ပဲမျိုးစုံ/ဆီ

                          ရေစကြိုကုန်စည်ဒိုင်တွင် ယခင် ( ၂၂--၂၀၂၀ )ရက်   စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၈၀/-)၊       မြေပဲလုံးဆံ နီ/ဖြူ(၁၀၀/-) စီ၊ မတ်ပဲ    (၂၀၀၀/)(၃၀၀၀/-) ၊ ကုလားပဲ(HL) (၁၀၀၀/-) ၊ ကုလားပဲ(929) (၁၀၀၀/-)၊ ၊ ကုလားပဲ(V2) (၁၀၀၀/-) ပြောင်းဖူးစေ့ (CP) ( ၁၀၀/- )ကျပ်  စျေးကျ ကာ ကျန် ပဲမျိုးစုံစျေးများ အပြောင်း အလဲ မရှိဘဲ ပြောင်းဖူးစေ့ (CP) (၄၀၀)အိတ်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။