Local News

မတ်ပဲဈေးအပြောင်းအလဲနှင့်ဈေးကွက်

Last Updated:

မတ်ပဲဈေးနှုန်းတက်လာနေပြီး ဈေးနှုန်းအမြင့်ဖြင့်ရပ်တည်နေခဲ့သည်မှာ သီတင်းပတ် အနည်းငယ်ကြာခဲ့ပြီဖြစ်သည်။ သို့သော် ယခုရက်ပိုင်းအတွင်း မတ်ပဲဈေးအကျဖက်သို့ အနည်းငယ် ပြန်လည်ရောက်ရှိလာသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခင်သီတင်းပတ်မှ ယနေ့အထိ ဖြစ်ပေါ်ခဲ့သော မတ်ပဲ ဈေးနှုန်းများမှာ  ဇွန်လ ရက်နေ့တွင် တစ်တင်းလျှင်ကျပ် ၅၅၈၀၀၊ ရက်နေ့တွင် ကျပ် ၅၆၀၀၀၊ ရက်နေ့တွင် ကျပ် ၅၆၂၀၀၊ ရက်နေ့တွင် ကျပ် ၅၆၂၀၀၊ ရက်နေ့တွင် ကျပ် ၅၅၇၀၀၊ ရက် နေ့တွင် ကျပ် ၅၅၅၀၀၊ ရက်နေ့ နံနက်ပိုင်းတွင် ကျပ် ၅၃၆၀၀ နှင့် နေ့လည်ပိုင်းတွင် ကျပ် ၅၄၅၀၀ အသီးသီးဖြစ်ပါသည်။

အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံမှ သတင်းဌာနများ၏ထုတ်ပြန်ကြေငြာချက်အရ မြန်မာမတ်ပဲကို အိန္ဒိယကအရန်ပဲအဖြစ်ဆက်လက်ဝယ်ယူမည်ဖြစ်ပြီး မြန်မာမတ်ပဲသည်လည်း လက်ကျန်နည်းပါးလာသည့် အခြေအနေဖြစ်သည်။ ထို့အပြင် အိန္ဒိယနိုင်ငံတွင်မိုးရွာသွန်းမှု နည်းပါး သည့်ဖြစ်စဉ်များကြောင့် ပဲစိုက်ဧရိယာကျဆင်းခြင်းနှင့် ဝယ်လိုအားကောင်းလာမှုများကြောင့် မတ်ပဲဈေးတက်လာခဲ့သည်။

ယခုရက်ပိုင်းအတွင်းမတ်ပဲဈေးနှုန်းပြန်လည်ကျဆင်းလာခဲ့ပြီး ဇူလိုင် ရက်နေ့တွင် မနက် ပိုင်း နေ့လည်ပိုင်း ဈေးနှုန်းကွာခြားချက်များပြားစွာ ဈေးအတက်အကျဖြစ်ပေါ်ခဲ့သည်။ ပြည်တွင်း ပဲမျိုးစုံအပါအဝင် ပို့ကုန်သွင်းကုန်များ၏ဈေးနှုန်းများမတည်ငြိမ်ပဲ အရောင်းအဝယ်အေးနေသည်။ 

အရောင်းရှိသော်လည်းအဝယ်မရှိကြောင်း၊ နိုင်ငံတော်မှထုတ်ပြန်သော အမိန်ကြော်ငြာစာ များအရ အချိန်ကာလအလျောက် မူဝါဒအမျိုးမျိုးပြောင်းလဲလျှက်ရှိပြီး ဈေးကွက်အပေါ် ယုံကြည်မှု ကျဆင်းလာကြကြောင်း၊ ထို့ကြောင့် ဈေးနှုန်းအပြောင်းအလဲများစွာ ဖြစ်ပေါ်ပြီး ဈေးကျဆင်းလာ ခြင်းဖြစ်ကြောင်း၊ ပဲဈေးနှုန်းနှင့် ပဲဈေးကွက်အခြေအနေများသည် နိုင်ငံရေးအခြေအနေများပေါ်တွင် လည်းမူတည်ကြောင်း သတင်းရင်းမြစ်တစ်ခုမှသိရသည်။

ယနေ့အထိ ချနိုင်းဈေးကွက်တွင် မတ်ပဲ SQ ဈေးနှုန်း အတက်အကျမရှိ ဈေးအမြင့်တွင် တည်ငြိမ်နေပြီး ဇွန်လ ရက်နေ့မှစတင်ကာ မိုးရွာသွန်းမှုများလာသောကြောင့် အိန္ဒိယ၏ ပဲစိုက် ဧရိယာတိုးလာပြီး ယခင်ပုံမှန်အခြေအနေပြန်လည်ရောက်ရှိလာကြောင်းသိရသည်။

ပြည်တွင်းပဲလက်ကျန်နည်းနေသော်လည်း ပြည်တွင်းဈေးနှုန်းနှင့် တင်သွင်းမှုများအပေါ် အိန္ဒိယအစိုးရက မူဝါများချမှတ်ကာ ထိန်းကြောင်းသွားမည်ဖြစ်ကြောင်းနှင့် မြန်မာပြည်တွင်းပဲ ဈေးကွက်သည်လည်း ရက်အနည်းငယ်မျှ စောင့်ကြည့်ရမည့်အခြေအနေဖြစ်ကြောင်း မတ်ပဲဈေးနှုန်း သည် ယခုရက်ပိုင်းအတွင်း တည်ငြိမ်မည်မဟုတ်ကြောင်း ဈေးအမြင့်သို့ ဆက်လက်မျှော်လင့်နိုင်မည် မဟုတ်ကြောင်း သိရသည်။

Category: Local News