Local News

မတ်ပဲအတက်ဈေးမှာဆက်ရှိနေ

Last Updated:

ဇွန်လဆန်းပိုင်းမှစတင်ပြီး မတ်ပဲဈေးနှုန်း တစ်တန်လျှင် ၁၅၀၀၀၀ အထက်သို့ရောက်ရှိခဲ့ပြီး နောက်ရက်များတွင်လည်း ၎င်းဈေးတန်းတွင်ဆက်လက်ရှိနေခဲ့သည်။

ယခင်သီတင်းပတ်အတွင်း ဧရာဝတီတိုင်း၏ မတ်ပဲဈေးနှုန်းများမှာ ဇွန်လ ရက်နေ့တွင် တစ်တင်းလျှင် ကျပ် ၄၉၄၀၀၊ ရက်နေ့တွင် ကျပ် ၄၉၈၀၀၊ ၁၀ ရက်နေ့တွင် ကျပ် ၅၀၁၀၀၊ ၁၁ ရက်နေ့တွင် ကျပ် ၅၀၅၀၀၊ ၁၂ ရက်နေ့တွင် ကျပ် ၅၀၅၀၀၊ ၁၃ ရက်နေ့တွင် ကျပ် ၅၀၂၀၀၊ ၁၄ ရက်နေ့တွင် ကျပ် ၅၀၃၀၀ အသီးသီးဖြစ်ပါသည်။

ယခင်နှစ်ကာလတူတင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် အိန္ဒိယနိုင်ငံမှ မတ်ပဲဝယ်ယူ တင်သွင်းမှု နည်းသွားပြီး ပြည်တွင်းမှထွက်ရှိသော မတ်ပဲများ၊ ပါကစ္စတန်ဖက်မှဝယ်ယူသောမတ်ပဲများဖြင့် ပဲလိုအပ်ချက်ကိုဖြည့်ဆည်းလျှက်ရှိသည်။ မြန်မာမတ်ပဲဈေးနှုန်းအခြေအနေအရ ဝယ်လိုအား နည်းနေသော်လည်း ၎င်းတို့၏ပြည်တွင်းမတ်ပဲဈေးကျသွားခြင်းမရှိသဖြင့် မြန်မာပြည်တွင်း မတ်ပဲ ဈေးနှုန်းသည်လည်း ကျဆင်းသွားခြင်းမရှိပဲ တစ်တန်လျှင် ကျပ် ၁၅၀၀၀၀ အထက်တွင် ဆက်လက် ရပ်တည်နေသည်။

အိန္ဒိယနိုင်ငံဘက်မှ ဝယ်လိုအားပြန်ကောင်းလာလျှင် မတ်ပဲဈေးဆက်တက်နိုင်ဖွယ်ရှိပြီး လက်ရှိမြန်မာမတ်ပဲဈေးနှုန်းသည် မြန်မာငွေကြေးဈေးနှုန်းနှင့် ဒေါ်လာငွေလဲလှယ်မှု၊ စက်သုံးဆီ ဈေးနှုန်းမြင့်တက်လာမှုတို့အပေါ်တွင်လည်းမူတည်လျှက်ရှိသည်။

အိန္ဒိယနိုင်ငံ၏ မိုးစိုက်ပစဉ်းငုံဧရိယာ 11%-15% ကျဆင်းနေပြီး အချို့ပြည်နယ်များတွင် 15%-20%ထိ ကျဆင်းသွားသည်။ ပဲစဉ်းငုံဈေးနှုန်းသည် MSP နှုန်း Rs 6300 အောက်ကျဆင်းနေ သောကြောင့် တောင်သူများက ဝါနှင့်ပဲပုတ်ကိုပိုမိုစိုက်ပျိုးလာမည်ဖြစ်ပြီး မတ်ပဲစိုက်ဧရိယာမှာမူ တိုးလာခြင်းမရှိချေ။

ထို့အပြင် အိန္ဒိယနိုင်ငံ၏ပဲလိုအပ်ချက်များပြားမှုနှင့် ရာသီဥတုအခြေအနေများအရ မတ်ပဲ ဝယ်လိုအားပြန်ကောင်းလာနိုင်ပြီး ဈေးနှုန်းအတိုင်းအတာတစ်ခုအထိ ဆက်လက်မြင့်တက်လာနိုင် သေးကြောင်းသိရှိရသည်။

Category: Local News