Local News

မန္တလေးကုန်စည်ဒိုင်နှမ်းဈေးကွက်အဝယ်သွက်၍ဈေးမြင့်လာ

Last Updated:

မန္တလေးကုန်စည်ဒိုင်တွင်ဖေဖော်ဝါရီလပထမအပတ်အတွင်းနှမ်းလက်ကျန်နည်းနေပြီးအဝယ်သွက်၍ဈေးမြင့်လာသည်။တရုတ်နယ်စပ်ဂိတ်များဖွင့်လှစ်လိုက်သည့်နောက်ပိုင်းတရုတ်လိုင်း၊ရန်ကုန်လိုင်းအဝယ်သွက်နေသောကြောင့်နှမ်းဈေး မြင့်တက်လာကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

နှမ်းဖြူ(ရိုးရိုး) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၂၅၀၀၀ ၊ယခင် တစ်ပတ် ကျပ် ၂၆၀၀၀၀ မှ ၂၆၅၀၀၀၊ ယခင်လကျပ် ၂၆၅၀၀၀မှ ၂၆၀၀၀၀ ဖြစ်သည်။ယခင်တစ်ပတ် ယခင်လထက်ကျပ် ၆၀၀၀၀ မှ ၆၅၀၀၀ မြင့်တက်လာသည်။ နှမ်းညို ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်  ယခုတစ်ပတ်ကျပ် ၂၅၅၀၀၀ ၊ ယခင် တစ်ပတ်ကျပ် ၂၉၅၀၀၀ ၊ ယခင်လကျပ် ၂၂၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက်ကျပ် ၅၀၀၀၊ ယခင်လထက်ကျပ် ၃၅၀၀၀ မြင့်တက်လာသည်။နှမ်းနက်(စမုံ) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၈၅၀၀၀၊ မှ ၃၀၅၀၀၀ ၊ယခင်တစ်ပတ်ကျပ် ၂၅၀၀၀၀ မှ ၃၀၅၀၀၀ ၊ ယခင်လကျပ်  ၂၂၅၀၀၀ မှ ၂၆၅၀၀၀ ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ် ၃၅၀၀၀ ၊ ယခင်လထက် ၈၀၀၀၀ မြင့်တက်လာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News