Local News

မန္တလေးကုန်စည်ဒိုင်ပဲမျိုးစုံဈေးကွက်ဈေးအေးနေ

Last Updated:

မန္တလေးအနီးတစ်ဝိုက် ပဲစိုက်ပျိုးရာဒေသများမှ မတ်ပဲ၊ ပဲလွန်းဖြူနှင့် ပဲယင်းအသစ်များ မန္တလေးကုန်စည်ဒိုင်သို့ ဝင်ရောက်လျှက်ရှိ ကြောင်း၊ ဇန္နဝါရီလလယ်လောက်တွင် ပဲမျိုးစုံလှိုင်လှိုင်ထွက်ရှိမည်ဖြစ်ကြောင်း လှောင်လက်လက်ကျန်ပဲများနည်းလာပြီး ပြည်ပတင်ပို့မှု အေး၍ ဈေးအေးနေကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။

          မတ်ပဲ ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၆၇၀၀၀ မှ ၁၇၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၆၃၀၀၀ မှ ၁၇၀၀၀၀၊ ယခင်လကျပ် ၁၇၅၀၀၀မှ ၁၇၈၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၄၀၀၀မြင့်တက်လာပြီး ၊ ယခင်လထက်ကျပ် ၈၀၀၀ နိမ့်ကျလာသည်။

          ပဲလွန်းဖြူ ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၂၀၀၀၀ မှ ၁၂၇၀၀၀၊ ယခင်တစ်ပတ်ကျပ်  ၁၆၀၀၀၀၊ ယခင်လကျပ် ၉၅၀၀၀မှ ၉၆၀၀၀၊ ယခင်တစ်ပတ်ထက်ကျပ် ၃၃၀၀၀မှ ၄၀၀၀၀ နိမ့်ကျလာပြီး ၊ ယခင်လထက်ကျပ် ၂၅၀၀၀မှ ၃၁၀၀၀ မြင့်တက်လာသည်။

          ပဲယင်း (ကြီး) ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၁၂၀၀၀၀မှ ၁၂၅၀၀၀ ၊ယခင်တစ်ပတ်ကျပ် ၁၀၈၀၀၀ မှ ၁၁၀၀၀၀ ၊ ယခင်လထက် ကျပ် ၁၀၅၀၀၀မှ ၁၀၈၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၂၀၀၀မှ ၁၅၀၀၀၊ ယခင်လထက်ကျပ် ၁၅၀၀၀မှ ၁၇၀၀၀ မြင့်တက်လာသည်။

ပဲတီစိမ်း(အညာ) ၅၆.၂၅ ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ်၁၃၅၀၀၀မှ ၁၄၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၂၅၀၀၀မှ ၁၃၈၀၀၀ ၊ ယခင်လကျပ် ၁၃၀၀၀၀မှ ၁၄၀၀၀၀ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ်၂၀၀၀မှ ၁၀၀၀၀ ၊ ယခင်လထက်ကျပ်  ၅၀၀၀ မြင့်တက်လာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

 

Category: Local News