Local News

ဝါသီးနှံစျေးနှုန်းနှင့်အ‌ရောင်းအဝယ်ဖြစ်မှု

Last Updated:

 

ဝါသီးနှံစျေးနှုန်းနှင့်အရောင်းအဝယ်ဖြစ်မှု

                                                                                                                                                                             ၂၀၂၃၊ ဖေဖေါ်ဝါရီ ၉

မကွေးတိုင်းဒေသကြီးအတွင်း ဝါသီးနှံများအဝင်များလာကာ အောင်လံမြို့နယ်အနီးဝန်းကျင် ဝါစိုက်ပျိုးထွက်ရှိသည့် ရေပေါ်၊ စမ်းကလေး၊ ရွှေပန်းတော၊ သမ္ဘူလစသည့် ကျေးရွာများမှ အောင်လံဝါအဝယ်ဒိုင်များသို့ လာရောက်ရောင်းချကြပါသည်။ ရံဖန်ရံခါတွင် သရက်မြို့နယ် နှင့် မကွေးမြို့နယ်တို့ရှိ ကျေးရွာများမှလည်း လာရောက်ရောင်းချကြပြီး ပဲခူးတိုင်းဒေသကြီးရှိ ပြည်၊ ပေါက်ခေါင်း၊ ဝက်ထီးကန်ဘက်မှလည်း လာရောက်ရောင်းချကြပါသည်။

အောင်လံမြို့ရှိ ဝါအဝယ်ဒိုင်များသို့ ‌တစ်နေ့လျှင် ပိသာချိန်(၅၀၀၀)မှ(၁၀၀၀၀)အထိ ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်နေပြီး လှိုင်လှိုင်ပေါ်ချိန်တွင် ပိသာချိန်(၂၀၀၀၀)မှ (၂၅၀၀၀)အထိ အရောင်းအဝယ်ဖြစ်ကြတယ်လို့ သိရှိရပါသည်။ အောင်လံမှတဆင့် မန္တလေး သို့အများဆုံးတင်ပို့ရောင်းချကာ မိထ္ထီလာ၊ သဲတော၊ ဝမ်းတွင်း၊ မြစ်ချေမြို့တို့ရှိ စက်မှုလက်မှု လုပ်ငန်းသုံး ဝါချည်မျှင်စက်ရုံများမှ အမှာရှိပါကလည်း တင်ပို့ရောင်းချကြတယ်လို့သိရှိရပါ သည်။

ဝါစျေးနှုန်းအနေဖြင့် ဝါ(ခြောက်)တစ်ပိသာလျှင် ကျပ်(၂၉၅၀)မှ (၃၀၀၀)ကျော်အထိ ရောင်းချ ရပြီး ပြီးခဲ့သည့်နှစ်တွင် ဝါ(ခြောက်)တစ်ပိသာလျှင် ကျပ်(၁၉၅၀)မှ (၂၀၀၀)ကျော်သာ စျေးရရှိ ခဲ့သည့်အတွက် ယခုနှစ်ဝါတစ်ပိသာလျှင် ကျပ်(၁၀၀၀)ကျော်အထိ စျေးပိုမိုရရှိကြောင်း သိရှိရ ပါသည်။

                                                                                                                                                                 ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Category: Local News