Local News

နယ်စပ်ဂိတ်များ ပြန်ဖွင့်၍ ပဲအသစ်များအဝင်ရှိသလောက် အရောင်းသွက် ၊ ဈေးမြင့်လာ

Last Updated:

ဖေဖော်ဝါရီလပထမအပတ်အတွင်းမန္တလေးကုန်စည်ဒိုင်သို့မန္တလေးအနီးတဝိုက်မှပဲအသစ်များဝင်ရောက်နေပြီး၊နယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်လိုက်သည့်နောက်ပိုင်းကုန်စည်တင်ပို့မှုအဆင်ပြေလာသောကြောင့်၊ပို့ကုန်ပဲများအဝင်ရှိ သလောက်အရောင်းသွက်၍ဈေးမြင့်လာကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ပဲတီစိမ်း(အညာ)၅၆.၂၅ပိဿာဝင်သုံးတင်းဝင်တစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၁၄၅၀၀၀မှ၁၆၅၀၀၀၊ယခင်တစ်ပတ်ကျပ်၁၄၅၀၀၀မှ၁၅၈၀၀၀၊ယခင်လကျပ်၁၃၅၀၀၀မှ၁၄၀၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၇၀၀၀၊ ယခင်လထက်ကျပ်၁၀၀၀၀မှ၂၅၀၀၀မြင့်တက်လာသည်။

မြေထောက်ပဲ၅၄ပိဿာဝင်သုံးတင်းဝင်တစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၂၅၅၀၀၀မှ၂၆၀၀၀၀၊ယခင်တစ်ပတ်ကျပ်၂၄၀၀၀၀မှ၂၅၀၀၀၀၊ယခင်လကျပ်၁၉၀၀၀၀မှ၂၀၀၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၉၀၀၀မှ၁၅၀၀၀၊ယခင်လထက် ကျပ်၆၀၀၀၀မှ၆၅၀၀၀မြင့်တက်လာသည်။

မတ်ပဲ၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၁၇၅၀၀၀၊ယခင်တစ်ပတ်ကျပ်၁၆၅၀၀၀မှ ၁၆၇၀၀၀၊ယခင်လကျပ်၁၆၁၀၀၀မှ၁၆၃၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၈၀၀၀မှ၁၀၀၀၀၊ယခင်လထက်ကျပ် ၁၂၀၀၀မှ ၁၄၀၀၀နိမ့်ကျလာသည်။

ပဲစဉ်းငုံ(နီ)၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၁၈၅၀၀၀၊ယခင်တစ်ပတ်ကျပ်၁၇၂၀၀၀မှ ၁၇၂၅၀၀၊ယခင်လကျပ်၁၆၅၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၁၂၅၀၀မှ၁၃၀၀၀၊ယခင်လထက်ကျပ်၂၀၀၀၀ မြင့်တက်လာသည်။

 

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

 

Category: Local News