International News

အမေရိကန်နိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍသည် ဒေါ်နယ်ထရမ့် သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုခြင်း မပြုမီ မြင့်တက်ခဲ့သော်လည်း ငွေကြေးဖောင်းပွမှုမြင့်မားလာမည်ကို စိုးရိမ်လျက်ရှိ

Last Updated:

အမေရိကန်နိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍကို တိုင်းတာသည့်အညွှန်းကိန်းသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် (၅၂.၁) မှ ဒီဇင်ဘာလတွင် (၅၄.၁) သို့ မြင့်တက်ခဲ့သည်ဟု Institute for Supply Management ၏ သုတေသနအချက်အလက်များက ဖော်ပြခဲ့ပါသည်။ ဒေါ်နယ်ထရမ့်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်းမပြုမီ စက်မှုကဏ္ဍသည် အပြုသဘောဆောင်သည့် တိုးတက်မှုများရှိနေသော် လည်း ၎င်း၏အကောက်ခွန်သတ်မှတ်ကောက်ခံမှုမူဝါဒသည် စိုးရိမ်စရာကိစ္စရပ်တစ်ခု ဖြစ်လျက်ရှိပါ သည်။ ဘဏ္ဍာရေး၊ ကျန်းမာရေး၊ ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းစသည့်ဝန်ဆောင်မှုကဏ္ဍ များသည် ဒီဇင်ဘာလတွင် တိုးတက်ခဲ့သော်လည်း ယင်းကဏ္ဍများရှိ အလုပ်အကိုင်ခန့်ထားမှုသည် ကျဆင်းခဲ့ပါသည်။ သို့ရာတွင် ဝန်ဆောင်မှုကဏ္ဍရှိသွင်းအားစုများ၏ဈေးနှုန်းသည် မြင့်တက်ခဲ့သဖြင့် ငွေကြေးဖောင်းပွမှု ဖိအားများဖြစ်ပေါ်လာနိုင်မည့်အခြေအနေနှင့် ဒေါ်နယ်ထရမ့်အစိုးရလက်ထက် မူဝါဒများကြောင့်လည်း ငွေကြေးဖောင်းပွမှုတိုးလာမည်ကိုလည်း စိုးရိမ်လျက်ရှိကြပါသည်။

Category: International News