၂၀၂၄ ခုနှစ်၊ နိုဝင်လဘာလအတွင်း အမေရိကန်နိုင်ငံသားများ အလုပ်မှနုတ်ထွက်မှု ကျဆင်းခဲ့ ပြီး ယင်းသို့ဖြစ်ပေါ်ခြင်းသည် အလုပ်သမားဈေးကွက် နှေးကွေးလာခြင်းကို ပြသနေခြင်းဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် အလုပ်နုတ်ထွက်မှုနှုန်း (၂.၁) ရာခိုင်နှုန်းရှိခဲ့ရာမှ နိုဝင်ဘာလတွင် (၁.၉) ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်ဟု အမေရိကန်အလုပ်သမားဝန်ကြီးဌာန၏ အစီရင်ခံစာ၌ ဖော်ပြ ခဲ့ပါသည်။ အလုပ်မှနုတ်ထွက်မှုမရှိခြင်းသည် အခြားကုမ္ပဏီများတွင် အလုပ်ရရှိရန် မသေချာ၍ဖြစ်ရာ အလားတူပင် အလုပ်ခေါ်ယူမှုနှုန်းသည်လည်း အောက်တိုဘာလတွင် (၃.၄) ရာခိုင်နှုန်းရှိရာမှ နိုဝင်ဘာလတွင် (၃.၃) ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပါသည်။ ကုမ္ပဏီများ၏ ဝန်ထမ်းလျှော့ချမှုသည် စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် တည်ငြိမ်ခဲ့ပြီး (၁.၁)ရာခိုင်နှုန်းရှိခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် အမေရိကန်နိုင်ငံသားများ အလုပ်မှနုတ်ထွက်မှု ကျဆင်းခဲ့
Category:
International News