Local News

ကြက်သွန်နီဈေးကွက်အခြေအနေ

Last Updated:

     ဧပြီလနောက်ဆုံးအပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမုံရွာပွဲရုံသို့ ကြက်သွန်နီများနေ့စဉ်ပိဿာချိန် (၃၀၀၀၀)ကျော်ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံသို့ ဝင်ရောက်လာသော ကြက်သွန်နီများဒေသတွင်းအဆွဲများရှိခြင်း၊ ရန်ကုန်-မန္တလေးနှင့် ချင်းတွင်းအထက် မြစ်ရိုးတစ်လျှာက် တင်ပို့လျက်ရှိကြောင်းသိရသည်။

    ယခုပတ်အတွင်းမုံရွာပွဲရုံများတွင် ဝင်ရောက်လျက်ရှိသောကြက်သွန်နီပေါက်ဈေးနှုန်းများမှာ (၁)ပိဿာပေါက်ဈေးနှုန်းများမှာလက်ကား(ကြီး) (၁၃၅၀-၁၃၀၀)ကျပ်၊ (လတ်) (၁၂၅၀-၁၂၀၀) ကျပ်၊ (သေး) (၁၀၀၀-၉၅၀)ကျပ် ပေါက်ဈေးရှိပြီးအလုံးဆိုဒ် အစိုခြောက် အရောင်းအသွေးပေါ်မှုတည်၍ ဈေးနှုန်းကွာခြားမှုများရှိနေပါသည်။ ကြက်သွန်နီ လက်လီ ဈေးနှုန်းများမှာ (ကြီး) (၁၆၀၀- ၁၅၀၀)ကျပ်၊ (လတ်) (၁၄၀၀-၁၃၀၀)ကျပ်၊ (သေး) (၁၂၀၀-၁၁၀၀)ကျပ် ရှိပါသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ(ဗမာ) (၇၀၀၀-၇၅၀၀)ကျပ်၊ (ရှမ်းစ) (၆၀၀၀-၆၅၀၀)ကျပ်၊ ကြူကုတ် (၅၅၀၀-၆၀၀၀)ကျပ်ဖြင့် ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီးအသီးသီးအရောင်းအဝယ် ဖြစ်နေကြောင်းသိရသည်။

Source: ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News