Local News

မန္တလေးကုန်စည်ဒိုင်တွင် မြေပဲဆန် အရောင်းအဝယ်အေး ဈေးအေးနေ

Last Updated:

ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့  မြင်းမူ၊ အောင်လံဒေသမှ မြေပဲဆံများဝင်ရောက်နေပြီး ဈေးအေးနေကြောင်း သိရသည်။ မြေပဲလုံးဆန် များကို တရုတ်ဝယ်လက်မှ ဝယ်ယူမှုအေးခြင်းကြောင့် မြေပဲဆန်တစ်ပိဿာလျှင် ကျပ် ၁၀၀ မှ ၄၀၀ ထိ နိမ့်ကျလာပြီး၊ ဆီဆန်ကို ဆီစက်သမားများမှ ဝယ်ယူမှုအေးနေသောကြောင့် S1ဆီဆံ တစ်ပိဿာလျှင် ယခင်တစ်ပတ်ထက်ကျပ်  ၂၀၀ မှ ၇၀၀ ထိ နိမ့်ကျလာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

မြေပဲလုံးဆန်(နီ)တစ်ပိဿာလျှင် ယခုတစ်ပတ်ကျပ် ၇၈၀၀ မှ ၈၃၀၀၊ ယခင်တစ်ပတ်ကျပ် ၈၀၀၀ မှ ၈၇၀၀၊ ယခင်လကျပ် ၈၂၀၀ မှ ၈၅၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်၊ ယခင်လထက်ကျပ် ၂၀၀ မှ ၄၀၀ နိမ့်ကျလာသည်။

မြေပဲလုံးဆန်(ဖြူ)တစ်ပိဿာ ဈေးနှုန်းများမှာ ယခုတစ်ပတ်ကျပ် ၇၂၀၀ မှ ၇၄၀၀၊ ယခင်တစ်ပတ်ကျပ် ၇၂၀၀ မှ ၇၆၀၀၊ ယခင်လကျပ် ၇၂၀၀ မှ ၇၅၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၊ ယခင်လထက်ကျပ် ၁၀၀ နိမ့်ကျလာသည်။

S1 ဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၆၈၀၀ မှ ၇၆၀၀၊ ယခင်တစ်ပတ်ကျပ် ၇၅၀၀ မှ ၇၈၀၀၊ ယခင်လကျပ် ၆၄၀၀ မှ ၆၅၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀ မှ ၇၀၀ နိမ့်ကျလာပြီး၊ ယခင်လထက်ကျပ် ၄၀၀ မှ ၁၁၀၀ မြင့်တက်လာသည်။

Category: Local News