Local News

မန္တလေးကုန်စည်ဒိုင်တွင်ပို့ကုန်ပဲများနယ်စုံမှအဝင်များ၍ ဝယ်လိုအားနည်းနေသောကြောင့်ဈေးအေးနေ

Last Updated:

ဖေဖော်ဝါရီလ နောက်ဆုံးပတ် မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျှက်ရှိရာ ပို့ကုန်ပဲများအရောင်းအဝယ်အေး ဈေးအေးနေကြောင်း၊ ပဲအသစ်များလှိုင်လှိုင် ပေါ်ချိန်ဖြစ်၍ နယ်စုံမှဝင်ရောက်နေပြီး၊ ပြည်ပဝယ်လက်များမှ ဝယ်လိုအားနည်းနေသောကြောင့် အရောင်းအဝယ်အေး ဈေးအေးနေကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ပဲစင်းငုံ(နီ) ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၃၄၈၀၀၀ မှ ၃၅၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၃၇၁၀၀၀ မှ ၃၇၂၀၀၀ ၊ ယခင်လကျပ် ၃၆၂၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၂၀၀၀ မှ ၂၃၀၀၀ ၊ ယခင်လထက် ကျပ် ၁၂၀၀၀ ၁၄၀၀၀ နိမ့်ကျ လာသည်။

မတ်ပဲ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၂၇၀၀၀၀ ၊ ယခင်တစ်ပတ်ကျပ် ၂၈၀၀၀၀ မှ ၂၉၀၀၀၀၊ ယခင်လကျပ် ၂၇၀၀၀၀ မှ ၂၉၈၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀၀ မှ ၂၀၀၀၀ ၊ ယခင်လထက်ကျပ် ၂၈၀၀၀ နိမ့်ကျလာသည်။

ပဲတီစိမ်း(အညာ) ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၅၅၀၀၀ မှ ၁၈၅၀၀၀ ၊ ယခင်တစ်ပတ်ကျပ် ၁၅၅၀၀၀ မှ ၁၈၅၀၀၀ ၊ ယခင်လ ကျပ် ၁၆၀၀၀၀ မှ ၂၀၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက်ကျပ် ၅၀၀၀ မှ ၁၅၀၀၀ နိမ့်ကျလာသည်။၊

 

Category: Local News