Local News

မန္တလေးကုန်စည်ဒိုင်၏ မြေပဲဆန်ဈေးနှုန်းဆက်တိုက်ကျဆင်းလာ

Last Updated:

အောက်တိုဘာလနောက်ဆုံးပတ်အတွင်းမန္တလေးကုန်စည်ဒိုင်သို့ကျောက်ပိတောင်း၊မကွေး၊အောင်လံ၊တပ်ကုန်းဘက် မှမြေပဲဆန်အသစ်များဝင်ရောက်နေကြောင်းသိရသည်။မြေပဲလုံးဆန်များကိုတရုတ်ဝယ်လက်မှဝယ်ယူမှုနည်းခြင်း၊ ဆီဆန်ကိုဆီစက်သမားများမှဝယ်ယူမှုအေးခြင်းတို့ကြောင့်မြေပဲဈေးနှုန်းဆက်တိုက်ကျဆင်းလာကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

မြေပဲလုံးဆန်(နီ)တစ်ပိဿာလျှင်ယခုတစ်ပတ်ကျပ်၅၀၀၀မှ၅၅၀၀၊ယခင်တစ်ပတ်ကျပ်၅၅၀၀မှ၅၈၀၀၊ယခင်လကျပ် ၇၅၀၀မှ၈၃၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၃၀၀မှ၅၀၀၊ယခင်လထက်ကျပ်၂၅၀၀မှ၂၈၀၀နိမ့်ကျလာသည်။

မြေပဲလုံးဆန်(ဖြူ)တစ်ပိဿာဈေးနှုန်းများမှာယခုတစ်ပတ်ကျပ်၅၈၀၀မှ၆၀၀၀၊ယခင်တစ်ပတ်ကျပ်၅၉၀၀မှ၆၁၀၀၊ယခင်လကျပ်၆၈၀၀မှ၇၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၁၀၀ယခင်လထက်ကျပ်၁၀၀၀နိမ့်ကျလာသည်။

S1ဆီဆန်တစ်ပိဿာလျှင်ယခုတစ်ပတ်ကျပ်၅၃၀၀မှ၅၅၀၀၊ယခင်တစ်ပတ်ကျပ်၅၄၀၀မှ၅၇၀၀၊ယခင်လ ကျပ်၆၃၀၀မှ၆၆၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၁၀၀မှ၂၀၀ယခင်လထက်ကျပ်၁၀၀၀နိမ့်ကျလာသည်။

မန္တလေးတိုင်းဒေသကြီးဦး'စီးမှူးရုံး

 

Category: Local News