Local News

မန္တလေးကုန်စည်ဒိုင် ပြောင်းဖူးစေ့ဈေးနှုန်းယခင်တစ်ပတ်ထက်ဈေးမြင့်လာ

Last Updated:

အောက်တိုဘာလနောက်ဆုံးပတ်အတွင်းမန္တလေးကုန်စည်ဒိုင်သို့ရှမ်းပြည်နယ်နှင့်အညာဒေသဘက်မှပြောင်းဖူးစေ့များဝင်ရောက်လျှက်ရှိနေသည်။တရုတ်ဝယ်လက်မှဝယ်ယူမှုရှိခြင်း၊မွေးမြူရေးအစာစက်ရုံများမှဝယ်ယူမှုရှိခြင်းတို့ကြောင့် ပြောင်းဖူးစေ့ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ရှမ်းပြောင်းဖူးစေ့၅၄ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၅၂၀၀၀မှ၅၃၀၀၀၊ယခင်တစ်ပတ်ကျပ်၅၁၅၀၀မှ၅၂၀၀၀၊ယခင်လကျပ်၅၅၅၀၀မှ၅၆၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၅၀၀မှ၁၀၀၀မြင့်တက်လာပြီး၊ ယခင်လထက်ကျပ်၃၀၀၀မှ၃၅၀၀နိမ့်ကျလာသည်။

စီပီပြောင်း၅၄ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းမှာယခုတစ်ပတ်ကျပ်၅၂၀၀၀မှ၅၃၀၀၀၊ယခင်တစ်ပတ်ကျပ်၅၁၀၀၀မှ၅၂၀၀၀၊ယခင်လကျပ်၅၅၅၀၀မှ၅၆၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၁၀၀၀မြင့်တက်လာပြီး၊ယခင်လထက်ကျပ် ၃၀၀၀မှ၃၅၀၀ နိမ့်ကျလာသည်။

ဗမာပြောင်းဖူးစေ့၅၄ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းမှာယခုတစ်ပတ်ကျပ်၅၁၀၀၀၊ယခင်တစ်ပတ်ကျပ်၅၀၅၀၀မှ၅၀၀၀၀၊ယခင်လကျပ်၅၃၅၀၀မှ၅၄၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၅၀၀မှ၁၀၀၀မြင့်တက်လာပြီး၊ယခင်လထက် ကျပ်၂၅၀၀မှ၃၀၀၀နိမ့်ကျလာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News