Local News

ကုလားပဲအသစ်များ စတင်ဝင်ရောက်နေပြီးဈေးကျနေ

Last Updated:

ဇန်နဝါရီလ နောက်ဆုံးပတ်တွင် မန္တလေးကုန်စည်ဒိုင်သို့ ကုလားပဲအသစ်များ သဲတော၊ ဝမ်းတွင်း၊ ကျောက်ဆည်၊ ကူမဲနှင့် စစ်ကိုင်းတို့မှ စတင်ဝင်ရောက်နေပြီး၊ ကြိတ်ခွဲရန်သင့်တော်သည့် အစိုဓါတ်မရောက်သေးခြင်းကြောင့် ပဲခွဲစက်များဝယ်ယူမှုအေး၍ ဈေးကွက်အေး၊ ဈေနိမ့်နေကြောင်း သိရသည်။

          ကုလားပဲဖြူကြီး(V-2) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၃၂၀၀၀မှ ၂၃၃၀၀၀ကျပ်၊ ယခင်တစ်ပတ် ၂၇၀၀၀၀ကျပ်၊ ယခင်လ ၂၉၃၀၀၀မှ ၂၉၅၀၀၀ကျပ် ဖြစ်သည်။ ယခင် တစ်ပတ်ထက် ၃၇၀၀၀မှ ၃၈၀၀၀ကျပ်၊ ယခင်လထက် ၆၁၀၀၀မှ ၆၂၀၀၀ကျပ် နိမ့်ကျလာသည်။

ကုလားပဲဖြူကြီး(V-7)၅၇.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၃၅၀၀၀ကျပ်၊ ယခင်တစ်ပတ် ၂၇၂၀၀၀မှ ၂၇၃၀၀၀ကျပ်၊ ယခင်လ ၂၉၃၀၀၀မှ ၂၉၅၀၀၀ကျပ် ဖြစ်သည်။ ယခင် တစ်ပတ်ထက် ၃၇၀၀၀မှ ၃၈၀၀၀ကျပ်၊ ယခင်လထက် ၅၈၀၀၀မှ ၆၀၀၀၀ကျပ် နိမ့်ကျလာသည်။

ကုလားပဲဖြူကြီး(ထိုင်ဝမ်) ၅၆.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၃၅၀၀၀ ကျပ်၊ ယခင်တစ်ပတ် ၂၅၈၀၀၀မှ ၂၆၀၀၀၀ကျပ်၊ ယခင်လ ၂၇၅၀၀၀ကျပ်ဖြစ်သည်။ ယခင်တစ်ပတ် ထက် ၂၃၀၀၀မှ ၂၅၀၀၀ကျပ်၊ ယခင်လထက် ၄၀၀၀၀ကျပ် နိမ့်ကျလာသည်။

ကုလားပဲဖြူကြီး(929) ၅၆.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၃၈၀၀၀ ၂၃၉၀၀၀ကျပ်၊ ယခင်တစ်ပတ် ၂၆၀၀၀၀ကျပ်၊ ယခင်လ ၂၈၀၀၀၀မှ ၂၈၂၀၀၀ကျပ် ဖြစ်သည်။ ယခင် တစ်ပတ်ထက် ၂၁၀၀၀မှ ၂၂၀၀၀ကျပ်၊ ယခင်လထက် ၄၂၀၀၀မှ ၄၃၀၀၀ကျပ် နိမ့်ကျလာသည်။

 

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News