Local News

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ၁၆ ပြည်ဝင် မတ်ပဲအိတ်ရေ ၅၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ၁၆ ပြည်ဝင် မတ်ပဲအိတ်ရေ ၅၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဇလွန်မြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်တင်ဌေးက ပြောပြ၍ သိရသည်။ ဇလွန်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းက ၁၆ ပြည်ဝင် မတ်ပဲ အိတ်ရေ ၄၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ ၁၆ ပြည်ဝင် မတ်ပဲအိတ်ရေ ၅၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ဇလွန်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ဒီဇင်ဘာလထဲမှာ ၁၆ ပြည်ဝင် မတ်ပဲအိတ်ရေ ၅၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ပါတယ်။ လက်ရှိလဲ ဒေသထွက်ပဲတွေကို ရန်ကုန်ဘက်က အဝယ်လိုက်နေပါတယ်။ မတ်ပဲတွေကို ပြည်ပဈေးကွက်က ပြန်လည်ဝယ်ယူမှုကောင်းလာတာကြောင့် ရန်ကုန်ဘက်က အဝယ်လိုက်လာတာဖြစ်ပါတယ်။ ဒေသထွက် ပဲတွေ၊ စပါးတွေကို ဒီဘက်က ကုန်သည်တွေ၊ ပွဲရုံပိုင်ရှင်တွေက ရန်ကုန် ဈေးကွက်ကို တင်ပို့ရောင်းချတာဖြစ်ပါတယ်။ အခုပြည်ပဈေးကွက်က တော်တော်လေးအဝယ် လိုက်လာပါတယ်” ဟု ဇလွန်မြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်တင်ဌေးက ပြောပြသည်။ ဇလွန်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ၁၆ ပြည်ဝင် မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၁၁၆၀၀၀ ထိ ဈေးပေါက်နေပြီး အဆိုပါမတ်ပဲများ ဝယ်ယူမှုကောင်းလာခြင်းကြောင့် တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချ လုပ်သားများ၊ ကုန်တင်ကား၊ အငှားလိုက်သူများ အဆင်ပြေနေကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News