Local News

ကုလားပဲမျိုးစုံ ဈေးနှုန်းဈေးကွက် အခြေအနေ

Last Updated:

ဖေဖော်ဝါရီပထမပတ်တွင်မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင်ကုလားပဲမျိုးစုံ အသစ်များစတင်ဝင်ရောက်လာပြီးအရောင်းအဝယ်ပုံမှန် ရှိနေကြောင်းသိရသည်။

ကုလားပဲ(V2) ၅၇.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၂၈၀၀၀မှ ၂၃၀၀၀၀၊ ယခင်တစ်ပတ် ၂၄၅၀၀၀ ကျပ်၊ ယခင်လ ကျပ် ၂၃၃၀၀၀မှ ၂၃၅၀၀၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက် ကျပ် ၁၅၀၀၀မှ ၁၇၀၀၀၊ ယခင်လထက် ၅၀၀၀ ကျပ် ခန့်ဈေးနိမ့်ကျလာပါသည်။    

ကုလားပဲ(V7) ၅၇.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၂၈၀၀၀ကျပ်၊ ယခင်တစ်ပတ်၂၄၀၀၀၀ ကျပ်၊ ယခင်လ ၂၂၃၀၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၁၂၀၀၀ ကျပ် ဈေးနိမ့်လာပြီး၊ ယခင်လထက် ၅၀၀၀ ကျပ် ခန့်ဈေးမြင့်လာပါသည်။       

ကုလားပဲ (၉၂၉) ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၃၀၀၀၀မှ ၊ ၂၃၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၃၇၀၀၀မှ ၂၃၈၀၀၀၊ ယခင်လ ၂၃၂၀၀၀ ကျပ်ဖြစ်သည်။ ယခင် ပတ်ထက် ကျပ် ၃၀၀၀ မှ ၇၀၀၀၊ ယခင်လထက်အနိမ့်စ ၂၀၀၀ ကျပ် ဈေးနိမ့်လာပြီး၊   အမြင့်စ ၃၀၀၀ ကျပ် ဈေးမြင့်လာသည်။

ကုလားပဲ(ထိုင်ဝမ်) ၅၆.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၂၀၀၀၀ကျပ်၊ ယခင်တစ်ပတ် ၂၂၅၀၀၀ ကျပ်၊ ယခင်လ ကျပ် ၂၁၈၀၀၀မှ ၂၂၀၀၀၀ဖြစ်သည်။ ယခင်တစ်ပတ် ထက် ၅၀၀၀ ကျပ်ဈေးနိမ့်လာပြီး၊ ယခင်လထက်  အနိမ့်စ၂၀၀၀ ကျပ် ဈေးမြင့်လာကာ၊ အမြင့်စ ဈေးငြိမ်နေပါသည်။  

Category: Local News