Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ် နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

စက်တင်ဘာလ ပထမပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် လယ်ယာထွက်ကုန်သီးနှံများဖြစ်သော ပဲနီလုံးကြား၊  မြေထောက်ပဲ၊ ပုဂံပဲ၊  ထောပတ်ပဲ၊ ပြောင်းနီနှင့် CP ပြောင်းဖူးစေ့ ဈေးငြိမ်၍  ဂျုံဖြူသန့်၊ ထိုင်ဝမ်၊ ပဲတီစိမ်းကြီး၊ ပဲယင်းဝါ၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲ 929နှင့် ကုလားပဲထိုင်ဝမ် ဈေးနှုန်းများကျဆင်းနေပြီး  ဂျုံထွက်တိုး၊ ပဲကြီး၊ မတ်ပဲ၊  ပဲစဉ်းငုံ၊ ပဲနီလုံးရိုးရိုး၊ ပဲပုတ်စေ့ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။ ယခုအပတ်အတွင်း သီးနှံတစ်တင်းပေါက် ဈေးနှုန်းများမှာ  ဂျုံဖြူသန့် ၇၆၀၀၀ ကျပ်၊ ဂျုံထွက်တိုး ၆၄၀၀၀ ကျပ်၊ ထိုင်ဝမ် ၉၇၀၀၀ကျပ်၊ ပဲကြီး ၈၄၅၀၀ ကျပ်၊ မတ်ပဲ ၁၁၅၀၀၀ကျပ်၊ ပဲတီစိမ်းကြီး ၈၀၀၀၀ ကျပ်၊ ပဲတီစိမ်းသေး ၆၅၀၀၀ ကျပ်၊  ပဲစင်းငုံ ၁၆၆၅၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး ၈၅၀၀၀ ကျပ်၊ ပဲနီလုံးကြား ၁၀၀၀၀၀ ကျပ်၊ ပဲယင်းဝါ ၅၈၅၀၀ ကျပ်၊ ထောပတ်ပဲ ၁၀၀၀၀၀ ကျပ်၊ ပဲပုတ်စေ့ ၁၂၂၀၀၀ကျပ်၊ ပုဂံပဲ ၁၂၂၀၀၀ကျပ်၊ မြေထောက်ပဲ ၉၅၀၀၀ကျပ်၊ CP ပြောင်းဖူးစေ့ ၂၈၅၀၀ ကျပ်၊ ပြောင်းနီ ၂၄၅၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး ၁၀၁၀၀၀ ကျပ်၊  ကုလားပဲဖြူလုံးသေး ၁၀၅၀၀၀ ကျပ်၊  ကုလားပဲ 929 ၉၇၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၉၇၀၀၀ ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ ယခင်အပတ် ကာလတူအချိန်ပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၇၇၀၀၀ ကျပ်၊ ဂျုံထွက်တိုး ၆၃၀၀၀ ကျပ်၊ ထိုင်ဝမ် ၉၇၅၀၀ကျပ်၊ ပဲကြီး ၈၃၀၀၀ ကျပ်၊ မတ်ပဲ ၉၈၀၀၀- ၁၀၅၀၀၀ကျပ်၊ ပဲတီစိမ်းကြီး  ၈၂၅၀၀ ကျပ်၊  ပဲစင်းငုံ  ၁၆၁၅၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး  ၈၀၀၀၀ ကျပ်၊ ပဲနီလုံးကြား  ၁၀၀၀၀၀ ကျပ်၊ ပဲယင်းဝါ ၅၉၀၀၀ ကျပ်၊ ထောပတ်ပဲ ၁၀၀၀၀၀ ကျပ်၊ ပဲပုတ်စေ့ ၁၂၀၀၀၀ကျပ်၊ ပုဂံပဲ ၁၂၂၀၀၀ကျပ်၊ မြေထောက်ပဲ ၉၅၀၀၀ကျပ်၊ CP ပြောင်းဖူးစေ့ ၂၈၅၀၀ ကျပ်၊ ပြောင်းနီ ၂၄၅၀၀ ကျပ်၊ ၊ ကုလားပဲဖြူလုံးကြီး  ၁၀၂၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး ၁၁၈၀၀၀ ကျပ်၊ ကုလားပဲ 929 ၉၇၅၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၉၇၅၀၀ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူနှိုင်းယှဉ်ပါက ဂျုံဖြူသန့် တစ်တင်းလျှင် ၁၀၀၀ ကျပ်၊ ထိုင်ဝမ် တစ်တင်းလျှင် ၅၀၀ကျပ်၊ ပဲတီစိမ်းကြီး တစ်တင်းလျှင် ၂၅၀၀ကျပ်၊ ပဲယင်းဝါ တစ်တင်းလျှင် ၅၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် ၁၀၀၀ ကျပ်၊ ကုလားပဲဖြူလုံသေး တစ်တင်းလျှင် ၁၃၀၀၀ ကျပ်၊ ကုလားပဲ 929 တစ်တင်းလျှင် ၅၀၀ ကျပ်၊ ထိုင်ဝမ် တစ်တင်းလျှင် ၅၀၀ ကျပ်နှုန်းကျဆင်းနေပြီး ဂျုံထွက်တိုး တစ်တင်းလျှင် ၁၀၀၀ ကျပ်၊ ပဲကြီး တစ်တင်းလျှင် ၁၅၀၀ကျပ်၊ မတ်ပဲ တစ်တင်းလျှင် ၁၀၀၀၀ကျပ်၊ ပဲစဉ်းငုံ တစ်တင်းလျှင် ၅၀၀၀ကျပ်၊  ပဲနီလုံးရိုးရိုး တစ်တင်းလျှင် ၅၀၀၀ ကျပ်၊ ပဲပုတ်စေ့ တစ်တင်းလျှင် ၂၀၀၀ကျပ်နှုန်းမြှင့်တက်နေကြောင်းသိရသည်။       

Category: Local News