International News

ဗီယက်နမ်နိုင်ငံသည် ၈ လအတွင်း ဆန်တန်ချိန် ၆.၁ သန်း တင်ပို့နိုင်ခဲ့

Last Updated:

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ၈ လအတွင်း ဆန်တန်ချိန် ၆.၁၆ သန်း တင်ပို့ခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၅.၉ ရာခိုင်နှုန်း တိုးလာကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (MARD) ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

ဆန်တင်ပို့မှုမှ ၀င်ငွေသည် အမေရိကန်ဒေါ်လာ ၃.၈၅ ဘီလီယံနီးပါးရှိပြီး တစ်နှစ်ထက် တစ်နှစ် ၂၁.၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာန၏ အဆိုအရ အထွက်နှုန်း တိုးလာသည်နှင့်အမျှ အဆိုပါ ကာလအတွင်း ပျမ်းမျှဆန်တင်ပို့မှု စျေးနှုန်းသည် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၂၅ မှ ၁၄.၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။

ပြည်တွင်းဈေးကွက်တွင် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ ဆန်ဈေးနှုန်းများသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း တည်ငြိမ်ခဲ့ကြောင်း၊ အထူးသဖြင့် Dai Thom (ဆန်မွှေး) 8၊ OM 5451 နှင့် OM 18 ကဲ့သို့သော လူကြိုက်များသောမျိုးကွဲများအတွက် ဈေးနှုန်းများ မပြောင်းလဲဘဲ ရှိနေပါ ကြောင်း သိရှိရပါသည်။

လက်လီဆန်အတွက် ပုံမှန်ဆန်ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၅,၀၀၀ မှ ဗီယက်နမ်ဒေါင် ၁၆,၀၀၀ ဖြစ်ပြီး ဆန်မွှေးဆန်အရှည် အမျိုးအစား မှာ ဗီယက်နမ်ဒေါင် ၂၀,၀၀၀ မှ ဗီယက်နမ်ဒေါင် ၂၁,၀၀၀ ရှိကြောင်း ဖော်ပြထားပါသည်။

Source: Vietnam Economic News

(စီးပွားရေးသံမှူး ၊ ဗီယက်နမ်)

 

Category: International News