Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

စက်တင်ဘာလ ပထမပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းနက်၊ နှမ်းဖြူနှင့် မြေပဲလုံးဆံဖြူဈေငြိမ်ပြီး မြေပဲလုံးဆံနီ၊ မြေပဲဆီဆံဖြူနှင့် နှမ်းညိုဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။ စက်တင်ဘာလ ပထမပတ်အတွင်း နှမ်းညို တစ်တင်း  ၁၀၄၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၅၀၀၀၀- ၁၉၀၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၂၀၀၀၀-၁၄၀၀၀၀ကျပ်ဖြစ်ကာ ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာနှမ်းညို တစ်တင်း ၁၁၀၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၃၀၀၀၀-၁၄၀၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၅၀၀၀၀- ၁၉၀၀၀၀ကျပ်ရှိ၍ ယခုပတ်နှင့် ယခင်ပတ်ကာလတူနှိုင်းယှဉ်ပါက နှမ်းညို တစ်တင်း ၆၀၀၀ကျပ်ခန့်နှုန်းကျဆင်းနေကြောင်းသိရသည်။

စက်တင်ဘာလ ပထမပတ်အတွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၈၇၀၀ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၈၈၀၀-၉၀၀၀ကျပ်၊မြေပဲဆီဆံဖြူ တစ်ပိဿာ ၇၄၅၀ကျပ် ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၉၀၀၀ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၉၀၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၈၀၀၀ကျပ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ၃၀၀ကျပ်ခန့်နှင့် မြေပဲဆီဆံဖြူ တစ်ပိဿာလျှင် ၅၅၀ကျပ်ခန့်ကျဆင်းနေကြောင်းသိရသည်။ ယခုပတ်အတွင်း ပဲဆီတစ်ပိဿာ ၁၇၅၀၀-၁၇၀၀၀ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၆၀၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၅၅၅၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၃၇၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၂၉၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Category: Local News