Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ် နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

မေလ ဒုတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် လယ်ယာထွက်ကုန်သီးနှံများဖြစ်သော မတ်ပဲ၊ မြေထောက်ပဲဖြူ၊ ပဲတီစိမ်းသေး၊ ပဲနီလုံးရိုးရိုးဈေးငြိမ်၍  ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ ပဲစင်းငုံ၊ ထောပတ်ပဲ၊ ပြောင်းဖူးစေ့၊ ပုဂံပဲ၊ ပြောင်းနီဈေးအနည်းငယ်မြင့်တက်နေပြီး ပဲကြီး၊ ပဲနီလုံးကြား၊  ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲ 929 ၊ ကုလားပဲ ထိုင်ဝမ်ဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။ယခုတစ်ပတ်အတွင်း သီးနှံတစ်တင်းပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၅၁၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၄၅၀၀၀)ကျပ်၊ ပဲကြီး (၇၈၀၀၀-၈၀၀၀၀) ကျပ်၊ မတ်ပဲ (၉၃၀၀၀-၉၅၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး(သ) (၅၇၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၈၀၀၀) ကျပ်၊ ပဲစင်းငုံ (၁၂၈၄၀၀) ကျပ်၊ ပဲနီလုံးရိုးရိုး (၄၆၀၀၀)ကျပ်၊ ပဲနီလုံးကြား (၄၉၀၀၀)ကျပ်၊ ပဲယင်းဝါ (၄၁၀၀၀)ကျပ်၊ ပုဂံပဲ (၉၅၀၀၀) ကျပ်၊ထောပတ်ပဲ (၉၇၀၀၀)ကျပ်၊ မြေထောက်ပဲ(ဖြူ) (၉၅၀၀၀-၁၀၀၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၁၆၃၀၀)ကျပ်၊ ပြောင်းနီ (၂၃၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးကြီး (၈၀၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၈၂၀၀၀)ကျပ်၊ ကုလားပဲ 929 (၇၇၀၀၀)ကျပ်၊ ကုလားပဲ ထိုင်ဝမ် (၇၅၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ ယခင်အပတ် ကာလတူအချိန်ပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၄၈၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၄၃၀၀၀)ကျပ်၊ ပဲကြီး (၈၂၀၀၀-၈၆၀၀၀)ကျပ်၊ မတ်ပဲ (၉၅၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၈၀၀၀) ကျပ်၊ ပဲစင်းငုံ (၁၂၈၃၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၄၆၀၀၀) ကျပ်၊ ပဲနီလုံးကြား (၅၁၀၀၀-၅၁၅၀၀)ကျပ်၊    ပုဂံပဲ (၉၂၀၀၀)ကျပ်၊ ထောပတ်ပဲ (၉၀၀၀၀)ကျပ်၊ မြေထောက်ပဲ(ဖြူ) (၁၀၀၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၁၆၀၀၀)ကျပ်၊ ပြောင်းနီ (၂၂၀၀၀)ကျပ်၊ ကုလားပဲဖြူ လုံးကြီး (၈၁၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၈၃၅၀၀)ကျပ်၊ ကုလားပဲ 929 (၇၉၀၀၀) ကျပ်၊ ကုလားပဲ ထိုင်ဝမ် (၇၆၅၀၀)ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူ နှိုင်းယှဉ်ပါက ဂျုံဖြူသန့် တစ်တင်းလျှင် (၃၀၀၀)ကျပ်၊ ဂျုံထွက်တိုး တစ်တင်း (၂၀၀၀)ကျပ်၊ ပဲစင်းငုံ တစ်တင်းလျှင် (၁၀၀) ကျပ်၊ ပုဂံပဲ တစ်တင်းလျှင် (၃၀၀၀)ကျပ်၊ ထောပတ်ပဲ တစ်တင်းလျှင် (၇၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၃၀၀) ကျပ်၊ ပြောင်းနီ တစ်တင်းလျှင် (၁၀၀၀)ကျပ်နှုန်း မြင့်တက်နေပြီး  ပဲကြီး တစ်တင်းလျှင် (၆၀၀၀) ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် (၂၅၀၀) ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၁၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး တစ်တင်းလျှင် (၁၅၀၀)ကျပ်၊ ကုလားပဲ  929 (၂၀၀၀) ကျပ်နှင့် ကုလားပဲ ထိုင်ဝမ် တစ်တင်းလျှင် (၁၅၀၀) ကျပ်နှုန်း ကျဆင်းနေကြောင်းသိရသည်။

Category: Local News