International News

တောင်ကိုရီးယားနိုင်ငံရှိ Samsung Electronics က ၂၀၂၄ ခုနှစ်တွင် AI Memory Chip ရောင်းလိုအားကို သုံးဆမြှင့်တင်သွားမည်

Last Updated:

တောင်ကိုရီးယားနိုင်ငံရှိ Samsung Electronics သည် bandwidth မြင့်မားသည့် မှတ်ဉာဏ် ချစ်ပ်ပြားများ (High Bandwidth Memory- HBM) ကို မျိုးဆက်သစ် AI ဝန်ဆောင်မှုများအတွက် ဝယ်လိုအားမြင့်မားလာခြင်းကြောင့် ၂၀၂၄ ခုနှစ်အတွင်း HBM များထုတ်လုပ်မှုကို ၂၀၂၃ ခုနှစ်ကထက် ၃ ဆ မြှင့်တင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း Samsung Electronics က ၃၀-၄-၂၀၂၄ ရက်နေ့က ကြေညာခဲ့ပါသည်။

HBM Chip များကို တစ်နည်းအားဖြင့် ဆိုရသော် AI Memory Chips  များ ဖြစ်ပါသည်။ Samsung Electronics သည် HBM Chip ၏ ပဉ္စမမြောက်မျိုးဆက်ဖြစ်သည့် HBM3E ကို ၂၀၂၄ ခု နှစ်၊ ဧပြီလတွင် စတင်ထုတ်လုပ်ခဲ့ကြောင်း၊ HBM3E ပေါ်တွင် DRAM Memory Chips ၈ ခု ပါဝင်ပါ ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဒုတိယသုံးလပတ်အတွင်း အလွှာ ၁၂ လွှာရှိ HBM3E ကို အမြောက်အများ ထုတ် လုပ်သွားမည်ဖြစ်ပါကြောင်း၊ Samsung Electronics သည် ချစ်ပ်ပြားနှင့် စမတ်ဖုန်းစီးပွားရေး လုပ် ငန်းများ၏ ရောင်းအားတိုးတက်မှုကြောင့် ၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်အတွင်း လုပ်ငန်းအမြတ်ငွေ အဖြစ် တောင်ကိုရီးယားဝမ်ငွေ  ၆.၆၁ ထရီလီယံ (အမေရိကန်‌ဒေါ်လာ ၄.၇၈ ဘီလီယံ) ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ အလားတူကာလဝင်ငွေထက် ၉၃၁.၈၇ ရာခိုင်နှုန်း မြင့်မားခဲ့ပါကြောင်း၊ ယင်းသို့ အမြတ်ငွေ မြင့်မားလာသည့်အတွက် HBM3E ကို အမြောက်အများ ထုတ်လုပ်သွားရန် ဆုံးဖြတ်၍ ကြေညာလိုက် ခြင်းဖြစ်ပါကြောင်း၊ နှစ်အလိုက်ရောင်းချရမှုသည်လည်း ယခင်နှစ်ကထက် ၁၂.၈၂ ရာခိုင်နှုန်းပိုမိုမြင့် မားလာခဲ့ပြီး ဝမ်ငွေ ၇၁.၉၂ ထရီလီယံထိ ဝင်ငွေရရှိခဲ့ပါကြောင်း   Samsung Electronics က ထုတ် ပြန်ထားပါသည်။

ယခုနှစ်တွင် HBM ဝယ်ယူလိုသူများနှင့် ညှိနှိုင်းဆွေးနွေးထားမှုများအရ ထုတ်လုပ်မှုကို ၃ ဆ ထက်ပိုမိုထုတ်လုပ်ရမည်ဖြစ်ပြီး လာမည့်နှစ်တွင်လည်း ယခုနှစ်ထုတ်လုပ်မှုပမာဏထက် အနည်း ဆုံး ၂ ဆ တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်သည်ဟု Samsung's Memory Business ၏ အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ Mr. Kim Jae-june က ပြောကြားခဲ့ပါသည်။

Samsung Electronics ၏ ရောင်းအားနှင့် အမြတ်ငွေတိုးတက်ခဲ့ရခြင်းမှာ စမတ်ဖုန်း Galaxy S24 series နှင့် မှတ်ဉာဏ်ချစ်စ်ပြားများ (Memory Chips) ရောင်းအားမြင့်မားခဲ့သည့်အ ပြင် ဈေးနှုန်းမြင့်မားစွာရရှိခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့ပါသည်။

 

Source: https://www.koreatimes.co.kr/www/tech/2024/05/133_373793.html

ဒေါ်ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့

Category: International News