Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်လနှင့် ယခုလ နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇူလိုင်လအတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် လယ်ယာထွက်ကုန်သီးနှံများဖြစ်သော  ပဲတီစိမ်းကြီး၊ ပဲတီစိမ်းသေး၊ မတ်ပဲ၊  ပဲနီလုံးရိုးရိုး၊ ပဲနီလုံးကြား၊ ပဲပုတ်စေ့နှင့် CP ပြောင်းဖူးစေ့မြင့်တက်နေပြီး   ဂျုံဖြူသန့် ၊ဂျုံထွက်တိုး ၊ ပဲကြီး ၊ ပဲယင်းဝါ ၊ ထောပတ်ပဲ ၊ ပုဂံပဲ ၊  ကုလားပဲဖြူလုံးကြီး ၊ ကုလားပဲဖြူလုံသေး ၊ ကုလားပဲ 929 ၊ ထိုင်ဝမ် ၊ ပဲစဉ်းငုံဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။ ယခုလအတွင်း သီးနှံတစ်တင်းပေါက် ဈေးနှုန်းများ မှာ  ဂျုံဖြူသန့် ၆၂၀၀၀ ကျပ်၊ ဂျုံထွက်တိုး ၅၂၀၀၀ ကျပ်၊ ထိုင်ဝမ် ၈၀၀၀၀ကျပ်၊ 929 ၈၀၀၀၀ကျပ်၊ ပဲကြီး ၇၉၀၀၀- ၈၁၀၀၀ ကျပ်၊ မတ်ပဲ ၉၀၀၀၀ကျပ်၊ ပဲတီစိမ်းကြီး ၇၁၅၀၀ ကျပ်၊ ပဲတီစိမ်းသေး ၆၀၀၀၀-၅၈၀၀၀ကျပ်၊  ပဲစင်းငုံ ၁၃၆၅၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး ၆၁၀၀၀-၆၂၀၀၀ကျပ်၊ ပဲနီလုံးကြား ၈၀၀၀၀ ကျပ်၊ ပဲယင်းဝါ ၄၈၀၀၀ ကျပ်၊ ထောပတ်ပဲ ၁၀၅၀၀၀ ကျပ်၊ ပုဂံပဲ ၁၁၀၀၀၀ကျပ်၊ ပဲပုတ်စေ့ ၉၀၀၀၀ကျပ်၊CP ပြောင်းဖူးစေ့ ၂၂၆၀၀-၂၄၀၀၀ကျပ်၊ ပြောင်းနီ ၂၄၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး ၈၁၅၀၀ ကျပ်၊  ကုလားပဲဖြူလုံးသေး ၈၁၅၀၀ ကျပ်၊  ကုလားပဲ 929 ၈၀၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၈၀၀၀၀ ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ ယခင်လ ကာလတူအချိန်ပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၆၃၀၀၀ကျပ်၊ ဂျုံထွက်တိုး ၅၄၅၀၀ကျပ်၊ ထိုင်ဝမ် ၇၉၅၀၀ကျပ်၊ 929 ၈၀၅၀၀ကျပ်၊ ပဲကြီး ၈၅၀၀၀ ကျပ်၊ မတ်ပဲ ၈၃၀၀၀ကျပ်၊ ပဲတီစိမ်းကြီး  ၆၀၀၀၀ ကျပ်၊ ပဲတီစိမ်းသေး ၅၃၀၀၀-၅၄၀၀၀ ကျပ်၊ ပဲစင်းငုံ  ၁၄၅၀၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး  ၅၄၀၀၀ ကျပ်၊ ပဲနီလုံးကြား  ၆၆၀၀၀ ကျပ်၊ ပဲယင်းဝါ ၅၁၀၀၀ကျပ်၊ ထောပတ်ပဲ ၁၂၀၀၀၀ ကျပ်၊ ပုဂံပဲ ၁၁၄၀၀၀ကျပ်၊ ပဲပုတ်စေ့ ၇၀၀၀၀ကျပ်၊ CP ပြောင်းဖူးစေ့ ၂၁၃၀၀ ကျပ်၊ ပြောင်းနီ ၂၄၀၀၀ ကျပ်၊ ၊ ကုလားပဲဖြူလုံးကြီး  ၈၃၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး ၈၅၀၀၀ ကျပ်၊ ကုလားပဲ 929 ၈၀၅၀၀ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၇၉၅၀၀ကျပ် ပေါက်ဈေးရှိ၍ ယခုလအတွင်း ကာလတူနှိုင်းယှဉ်ပါက  ဂျုံဖြူသန့် တစ်တင်းလျှင် ၁၀၀၀ ကျပ်၊ ဂျုံထွက်တိုး တစ်တင်းလျှင် ၂၅၀၀ ကျပ်၊ ပဲကြီး တစ်တင်းလျှင် ၄၀၀၀ကျပ်၊ ပဲယင်းဝါ တစ်တင်းလျှင် ၃၀၀၀ ကျပ်၊ ထောပတ်ပဲ တစ်တင်းလျှင်း ၁၅၀၀၀ကျပ်၊ ပုဂံပဲ တစ်တင်းလျှင်း ၄၀၀၀ကျပ်၊  ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် ၁၅၀၀ ကျပ်၊ ကုလားပဲဖြူလုံသေး တစ်တင်းလျှင် ၃၅၀၀ ကျပ်၊ ကုလားပဲ 929 တစ်တင်းလျှင် ၅၀၀ ကျပ်၊ ထိုင်ဝမ် တစ်တင်းလျှင် ၅၀၀ ကျပ်၊ ပဲစဉ်းငုံ တစ်တင်းလျှင် ၈၅၀၀ကျပ်နှုန်းကျဆင်းနေပြီး ပဲတီစိမ်းကြီး တစ်တင်းလျှင် ၁၁၅၀၀ ကျပ်၊ ပဲတီစိမ်းသေး တစ်တင်းလျှင် ၆၀၀၀ကျပ်၊ မတ်ပဲ တစ်တင်းလျှင် ၇၀၀၀ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် ၈၀၀၀ ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် ၁၄၀၀၀ကျပ်၊ ပဲပုတ်စေ့ တစ်တင်းလျှင် ၂၀၀၀၀ကျပ်၊ CP ပြောင်းဖူးစေ့ ၂၇၀၀ ကျပ်နှုန်းမြှင့်တက်နေကြောင်းသိရသည်။               

Category: Local News