Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

စက်တင်ဘာလ ဒုတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ မြေပဲဆီဆံဖြူဈေးနှုန်း အနည်းငယ်မြင့်တက်နေပြီး နှမ်းညို နှမ်းနက်၊ နှမ်းဖြူ၊ မြေပဲလုံးဆံနီ နှင့်မြေပဲလုံးဆံဖြူဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။ စက်တင်ဘာလ ဒုတိယပတ်အတွင်း နှမ်းညို တစ်တင်း  ၉၈၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၅၀၀၀၀-.၁၈၀၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၀၀၀၀-၁၂၅၀၀၀ကျပ်ဖြစ်ကာ ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း ၁၀၇၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၀၀၀၀-၁၃၀၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၁၅၀၀၀၀- ၁၉၀၀၀၀ကျပ်ရှိ၍ ယခုပတ်နှင့် ယခင်ပတ်ကာလတူနှိုင်းယှဉ်ပါက နှမ်းညို တစ်တင်း ၉၀၀၀ကျပ်ခန့်၊ နှမ်းဖြူ တစ်တင်းလျှင် ၅၀၀၀ကျပ်ခန့်နှင့် နှမ်းနက် တစ်တင်းလျှင် ၁၀၀၀၀ကျပ်ခန့်နှုန်း ကျဆင်းနေကြောင်းသိရသည်။

စက်တင်ဘာလ ဒုတိယပတ်အတွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၈၃၀၀-၈၅၀၀ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၈၃၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၇၄၀၀-၇၆၀၀ကျပ် ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၈၇၀၀ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၈၈၀၀- ၉၀၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၇၄၅၀ကျပ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲဆီဆံဖြူ တစ်ပိဿာလျှင် ၁၅၀ကျပ်ခန့် မြင့်တက်နေပြီး မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ၂၀၀ကျပ်ခန့်နှင့် မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ၇၀၀ကျပ်ခန့်ကျဆင်းနေကြောင်းသိရသည်။ ယခုပတ်အတွင်း ပဲဆီတစ်ပိဿာ ၁၆၅၀၀-၁၅၀၀၀ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၅၅၀၀-၁၅၀၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၅၅၅၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၃၇၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၂၉၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Category: Local News