Local News

မတ်ပဲဈေးကျဆင်းလျှက်ရှိ

Last Updated:

ဧရာဝတီတိုင်းဒေသကြီးမတ်ပဲဈေးနှုန်းများ ဩဂုတ်လကုန်အထိ အတက်ဘက်တွင်ရှိခဲ့ပြီး စက်တင်ဘာလ ၄ ရက်နေ့တွင် ဈေးအမြင့်ဆုံးဖြစ်ခဲ့ရာမှ ဆက်လက်၍ နေ့စဉ်ရက်ဆက် ဈေးဆက် တိုက်ကျဆင်းလာကြောင်းတွေ့ရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခင်သီတင်းပတ်တွင် ဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများ မှာ စက်တင်ဘာလ ၂ ရက်နေ့တွင် မတ်ပဲ ၁ တင်းလျှင် ကျပ် ၁၃၂၀၀၀၊ ၃ ရက်နေ့တွင် ကျပ် ၁၃၅၀၀၀၊ ၄ ရက်နေ့တွင် ကျပ် ၁၃၃၅၀၀၊ ၅ ရက်နေ့တွင် ကျပ် ၁၃၂၅၀၀၊ ၆ ရက်နေ့တွင် ကျပ် ၁၃၁၃၀၀၊ ၇ ရက်နေ့တွင် ကျပ် ၁၃၀၀၀၀၊ ၉ ရက်နေ့တွင် ကျပ် ၁၂၈၀၀၀၊ ၁၁ ရက်နေ့တွင် ကျပ် ၁၂၈၀၀၀ အသီးသီးဖြစ်ခဲ့ပါသည်။

ပြည်တွင်းမတ်ပဲဈေးနှုန်းသည် ပြည်တွင်းငွေကြေးဈေးနှုန်းနှင့် အိန္ဒိယနိုင်ငံ၏ မတ်ပဲအထွက် နှုန်း၊ ဝယ်လိုအားတို့အပေါ်မူတည်လျှက်ရှိကာ ငွေကြေးဈေးနှုန်းမြင့်တက်လာခြင်းနှင့်အတူ မတ်ပဲ ဈေးလိုက်ပါကျဆင်းလာကြောင်း တွေ့ရှိရသည်။

အိန္ဒိယနိုင်ငံ၏ မတ်ပဲအခြေအနေမှာ ယခုစက်တင်ဘာလအတွင်း မတ်ပဲသစ်များ ဈေးကွက် အတွင်းဝင်လာမည်ဖြစ်သဖြင့် ဈေးတည်ငြိမ်နိုင်သော်လည်း မတ်ပဲရိတ်သိမ်းကာလအတွင်း မိုးများနိုင်သဖြင့် မတ်ပဲအထွက်နှုန်း၊ အရည်အသွေးတို့ ကျဆင်းနိုင်သည့်အပြင် အိန္ဒိယနိုင်ငံ၏ ပွဲတော်ရာသီ ဖြစ်သောကြောင့် မတ်ပဲဝယ်လိုအားကောင်းနိုင်ကြောင်း၊ ဈေးကျဆင်းနိုင်ဖွယ်မရှိကြောင်း အိန္ဒိယ နိုင်ငံ၏ ပြည်တွင်းမတ်ပဲဈေးကွက်အတွင်း ခန့်မှန်းထားကြောင်းသိရှိရသည်။

မြန်မာမတ်ပဲပြည်တွင်းဈေးနှုန်းသည်လည်း အိန္ဒိယနိုင်ငံ၏ မတ်ပဲဈေးနှုန်းပေါ်မူတည်၍ ဈေးအလွန်အမင်းဆက်ကျနိုင်ချေမရှိပဲ တက်ဈေးပြန်ရလာနိုင်ကြောင်း သုံးသပ်ရရှိပါသည်။

ဧရာကုန်သွယ်မြှင့်

Category: Local News