Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇွန်လ ဒုတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ ဈေးနှုန်းများ မြေပဲလုံးဆံနီ၊ နှမ်းနက်၊ နှမ်းဖြူ ဈေးငြိမ်၍ နှမ်းညို၊ မြေပဲလုံးဆံဖြူ၊ မြေပဲဆီဆံဖြူ‌ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။ ဇွန်လ ဒုတိယပတ်တွင် နှမ်းညို တစ်တင်းလျှင် ၁၀၈၀၀၀-၁၁၃၀၀၀ကျပ်၊ နှမ်းနက် တစ်တင်းလျှင် ၁၂၅၀၀၀-၁၄၂၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် ၁၂၀၀၀၀-၁၃၀၀၀၀ကျပ်ဖြစ်ကာ ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်းလျှင် ၁၁၂၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် ၁၁၈၀၀၀ -၁၃၀၀၀၀ကျပ်၊ နှမ်းနက် တစ်တင်းလျှင် ၁၁၈၀၀၀-၁၄၂၀၀၀ ကျပ်ရှိ၍ ယခုပတ်နှင့် ယခင်ပတ် ကာလတူ နှိုင်းယှဉ်ပါက နှမ်းနက်နှင့် နှမ်းဖြူ ဈေးငြိမ်နေပြီး၊ နှမ်းညို တစ်တင်းလျှင် ၁၀၀၀ ကျပ်မြင့်တက်နေကြောင်းသိရသည်။

ဇွန်လ ဒုတိယပတ်တွင် မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၆၉၀၀-၇၀၀၀ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၇၂၀၀-၇၃၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၆၅၀၀-၆၆၀၀ကျပ်ရှိပြီး  ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၆၉၀၀-၇၀၀၀ ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၇၀၀၀-၇၁၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၆၅၀၀ကျပ်၊ ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက  မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ၂၀၀ကျပ်နှင့် ဆီဆံဖြူ တစ်ပိဿာလျှင် ၁၀၀ကျပ်ဈေးနှုန်းများ အနည်းငယ်မြင့်တက်နေပြီး မြေပဲလုံးဆံနီ ဈေးနှုန်းများ ငြိမ်နေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီတစ်ပိဿာ ၁၃၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၃၅၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၃၆၇၅ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၆၈၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၈၄၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Category: Local News