မတ်လ ဒုတိယအပတ်အတွင်း မုံရွာမြို့၊ ကန်သာယာဈေး၌ ရောင်းဝယ်နေသော အသား/ငါး ဈေးနှုန်းများမှာ အမဲသား တစ်ပိဿာ ၃၆၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၄၀၀၀၀ ကျပ်၊ ကြက်သား CP (အကောင်လုံး) တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ကြက်သား(ဗမာ) တစ်ပိဿာ ၂၈၀၀၀-၃၀၀၀၀ ကျပ်၊ ဟိုက်ကြက် တစ်ပိဿာ ၂၈၀၀၀ ကျပ်၊ ငါးကြင်းနီ တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ဟင်းငန်ငါး တစ်ပိဿာ ၂၅၀၀၀-၂၈၀၀၀ ကျပ်၊ တီလားဗီးယား တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ငါးမုတ် တစ်ပိဿာ ၁၅၀၀၀ ကျပ်၊ ငါးမြင်း တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ငါးဖယ်အသားခြစ် တစ်ပိဿာ ၃၈၀၀၀ ကျပ်၊ ပုဇွန် တစ်ပိဿာ ၄၈၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခင်လဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက အမဲသားနှင့် ဝက်သား ဈေးငြိမ်၍ ဟိုက်ကြက်၊ ကြက်သား CP၊ ကြက်သား (ဗမာ)၊ တီလားဗီးယား၊ ငါးမုတ်၊ ငါးမြင်း၊ငါးဖယ်ခြစ်၊ ဟင်းငန်စသည့် ငါးအမျိုးမျိုးတို့ ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး