International News

ထိုင်းနိုင်ငံနှင့် တောင်ဩစတြေးလျတို့အကြား အစားအစာနှင့် စိုက်ပျိုးရေးကဏ္ဍအတွက် ပူးပေါင်း ဆောင်ရွက်သွားရန် ရှိ

Last Updated:

ထိုင်းနိုင်ငံနှင့် တောင်ဩစတြေးလျတို့သည် တူညီသော စီးပွားရေးရည်မှန်းချက်များရှိသော ကြောင့် အစားအစာနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင် ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ် ကြောင်း တောင်ဩစတြေးလျ ပြည်နယ်အုပ်ချုပ်ရေးမှူး Ms. Frances Adamson က ကတိပြု ပြောကြားခဲ့ပါသည်။

အုပ်ချုပ်ရေးမှူး၏ ဇူလိုင် ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဗန်ကောက်သို့ လာရောက်သည့် ခရီးစဉ်အတွင်း တောင်ဩစတြေးလျ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့ မြှင့်တင်နိုင်ရေး အတွက် ထိုင်းနိုင်ငံရှိ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ စွမ်းအင်နှင့် ဝိုင် စက်မှုလုပ်ငန်းတို့ရှိ အစိုးရ ဝန်ထမ်း များနှင့် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံနှင့် တောင်ဩစတြေးလျတို့သည် အစား အစာနှင့် စိုက်ပျိုးရေး ကဏ္ဍတို့တွင် တူညီသော ရည်မှန်းချက်ရှိသဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် စိုက်ပျိုးရေးနှင့် အစားအစာ အချက်အချာဖြစ်ရန် ကြိုးပမ်းနေသော ကြောင့် ဩစတြေးလျအနေဖြင့်လည်း အရှေ့တောင်အာရှ စီးပွားရေး မဟာဗျူဟာ ၂၀၂၄ အရ အရှေ့ တောင်အာရှကို အရေးပါသော စီးပွားရေးမိတ်ဖက်အဖြစ် ရှုမြင်ထားပါကြောင်း Ms. Frances Adamson  က ဖြည့်စွက်ပြောကြားခဲ့သည်။

အစားအစာနှင့် စိုက်ပျိုးရေး ကဏ္ဍသည် ဩစတြေးလျအစိုးရ၏ ဦးစားပေးနယ်ပယ် ဖြစ်ပါ ကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများနှင့် မဟာဗျူဟာကျ ချိတ်ဆက်သွားမည်ဖြစ်ပြီး တောင်ဩ စတြေးလျသည် ထိုင်းနိုင်ငံ၏ စိတ်ချရသော မိတ်ဖက်ဖြစ်နိုင်ပါကြောင်း၊ တောင်ဩစတြေးလျသည် ထိုင်းဈေးကွက်သို့ အရည်အသွေးမြင့် အစားအစာထုတ်ကုန်များ တင်ပို့နေသူဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ သည် တောင်ဩစတြေးလျ၏ အဆင့် ၅ ရှိသော ပို့ကုန်ဈေးကွက်တစ်ခုဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံ အစိုးရ၏ “Ignite Thailand” ပါ အရေးကြီးသော နယ်ပယ် ၈ ခုသည် တောင်ဩစတြေးလျ၏ စီးပွားရေး အစီအစဉ်များ မျှော်မှန်းချက်များနှင့် ကိုက်ညီပါကြောင်း ဆက်လက်ပြောကြားခဲ့သည်။

စိုက်ပျိုးရေး မျှော်မှန်းချက်အရ ဓာတ်မြေဩဇာအသုံးပြုမှု လျှော့ချ၍ အထွက်နှုန်းတိုးစေခြင်း၊ ရေသုံးစွဲရေး စီမံခန့်ခွဲမှုနှင့် အစိမ်းရောင်စွမ်းအင်ကဏ္ဍသို့ ပြောင်းလဲမှုများတွင် တောင်ဩစတြေးလျ ကုမ္ပဏီများသည် Probes နှင့် Sensors များကို အသုံးပြု၍ ဓာတ်မြေဩဇာသုံးစွဲမှုလျှော့ချရေးနှင့် သီးနှံ စိုက်ပျိုးရန် အချိန်ကာလအကောင်းဆုံးအချိန် ခန့်မှန်းရေးတို့ကို နှစ်ပေါင်းများစွာ ဆောင်ရွက်နေပါ ကြောင်း၊ ထို့ကြောင့် ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ပြောင်းလဲမှုအတွက် လိုအပ်သောအရာများကို အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေး ယခု ခရီးစဉ်တွင် လေ့လာသွားမည်ဖြစ်ကြောင်း  Ms. Frances Adamson  က ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News