စက်တင်ဘာလ တတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းနက် ဈေးနှုန်းကျဆင်းနေပြီး၊ နှမ်းညို၊ နှမ်းဖြူ၊ မြေပဲလုံးဆံနီ၊ မြေပဲဆီဆံဖြူ နှင့်မြေပဲလုံးဆံဖြူဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။ စက်တင်ဘာလ တတိယပတ်အတွင်း နှမ်းညို တစ်တင်း ၁၀၃၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၄၅၀၀၀-၁၇၀၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၀၅၀၀၀-၁၂၆၀၀၀ ကျပ်ဖြစ်ကာ ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း ၉၈၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၀၀၀၀- ၁၂၅၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၁၅၀၀၀၀- ၁၈၀၀၀၀ကျပ်ရှိ၍ ယခုပတ်နှင့် ယခင်ပတ်ကာလတူနှိုင်းယှဉ်ပါက နှမ်းညို တစ်တင်း ၅၀၀၀ကျပ်ခန့်၊ နှမ်းဖြူ တစ်တင်းလျှင် ၁၀၀၀ကျပ်ခန့်မြင့်တက်နေပြီး နှမ်းနက် တစ်တင်းလျှင် ၁၀၀၀၀ကျပ် ခန့်နှုန်းကျဆင်းနေကြောင်းသိရသည်။
စက်တင်ဘာလ တတိယပတ်အတွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၈၇၀၀-၉၁၀၀ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၈၇၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၇၈၀၀ကျပ် ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၈၃၀၀-၈၅၀၀ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၈၃၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ၇၄၀၀-၇၆၀၀ကျပ် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ၆၀၀ကျပ်ခန့်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ၄၀၀ကျပ်ခန့်၊ မြေပဲဆီဆံဖြူ တစ်ပိဿာလျှင် ၂၀၀ကျပ်ခန့် မြင့်တက်နေကြောင်းသိရသည်။ ယခုပတ်အတွင်း ပဲဆီတစ်ပိဿာ ၁၆၅၀၀-၁၅၅၀၀ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၅၅၀၀-၁၅၀၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၅၅၅၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၃၇၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၂၉၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး