International News

ဟောင်ကောင်ဒေသ၏ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်သစ်အတွက် လျှောက်ထားသူ ၅၀၀ ကျော်ရှိ

Last Updated:

၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် စတင်ခဲ့သည့် အရင်းအနှီးသစ်များ ဝင်ရောက်ရေး ရင်းနှီး မြှုပ်နှံမှုအစီအစဉ် (New Capital Investment Entrant Scheme - New CIES) အတွက် လျှောက်ထားလာမှု ၅၀၀ ကျော် နှင့် စုံစမ်းမေးမြန်းမှု ၅,၀၀၀ ကျော်လက်ခံရရှိခဲ့သည်ဟု ဟောင်ကောင် ဒေသသို့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး တာဝန်ယူဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်သော Invest Hong Kong က ပြောကြားခဲ့ကြောင်း Hong Kong Business သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် “New capital investment entrant scheme receives over 500 applications” ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြထားပါသည်။

အဆိုပါအစီအစဉ်သည် ဟောင်ကောင်ဒေသသို့ ရင်းနှီးမြှုပ်နှံမှု ဟောင်ကောင်ဒေါ်လာ ၁၅ သန်းကျော် ဝင်ရောက်ရန် မျှော်မှန်းထားကြောင်း စက်တင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ သည့် သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ Invest Hong Kong သို့‌ ပေးပို့လျှောက်ထား လာသည့် လျှောက်လွှာ ၅၀၀ ကျော်အနက် ၄၄၈ စောင်မှာ အသားတင်ပိုင်ဆိုင်မှု လိုအပ်ချက် ပြည့်မီပြီး၊ ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်ပြည်မီသည့် လျှောက်ထားမှုမှာ ၄၇ ခု ရှိကြောင်း ရေးသား ဖော်ပြထားပါသည်။

 New CIES အစီအစဉ်အောက်မှ အသားတင်ပိုင်ဆိုင်အရ လျှောက်ထားသူအနေဖြင့် လျှောက် လွှာမတင်မီ နှစ်နှစ်အတွင်း အသားတင်ပိုင်ဆိုင်မှု အနည်းဆုံး ဟောင်ကောင်ဒေါ်လာ သန်း ၃၀ ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံမှုအရ လျှောက်ထားသူများအနေဖြင့် (၆) လအတွင်း ဟောင်ကောင် ဒေသ၌ ဟောင်ကောင်ဒေါ်လာ သန်း ၃၀ ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပါသည်။ အဆိုပါ လျှောက်လွှာများ ကို အွန်လိုင်းတွင် ရယူနိုင်ကြောင်း ရေးသားဖော်ပြထားပါသည်။

ကြွယ်ဝချမ်းသာသူများအနေဖြင့် ဟောင်ကောင်ဒေသအပေါ် ယုံကြည်မှု မြင့်တက်လာခြင်း ကြောင့် New CIES အရ လျှောက်ထားသူ တိုးတက်လာခြင်းဖြစ်ပြီး လျှောက်ထားမှု ပိုမိုထိရောက် စေရန် အွန်လိုင်းပလက်ဖောင်းကို အသုံးပြုရန် တိုက်တွန်းသည်ဟု Invest Hong Kong ညွှန်ကြားရေးမှူးချုပ် Alpha Lau က ပြောကြားခဲ့ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News