Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

မေလ စတုတ္ထပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းညို၊ နှမ်းဝါ၊နှမ်းဖြူ ၊မြေပဲဆီဆံဖြူများ  ဈေးငြိမ်၍ နှမ်းနက် ဈေးနှုန်းများမြင့်တက်နေပြီး၊ မြေပဲလုံးဆံနီနှင့် မြေပဲလုံးဆံဖြူ ဈေးအနည်းငယ်ကျဆင်းနေကြောင်းသိရသည်။ မေလ စတုတ္ထပတ်အတွင်း နှမ်းညို တစ်တင်း ၉၈၀၀၀ ကျပ်၊ နှမ်းဝါ တစ်တင်း ၉၈၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၅၀၀၀ - ၁၂၅၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၁၁၀၀၀၀ -၁၃၀၀၀၀ကျပ်ဖြစ်ကာ ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း ၉၈၀၀၀ ကျပ်၊ နှမ်းဝါ တစ်တင်း ၉၈၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၅၀၀၀-၁၂၅၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၁၁၀၀၀၀-၁၂၅၀၀၀ ကျပ်ရှိ၍ ယခင်ပတ်ကာလတူ အချိန်နှင့် နှိုင်းယှဉ်ပါက နှမ်းနက် တစ်တင်း ၅၀၀၀ကျပ် မြင့်တက်နေပြီး နှမ်းဖြူ၊ နှမ်းဝါနှင့် နှမ်းညို ဈေးငြိမ်နေကြောင်းသိရသည်။

မေလ စတုတ္ထပတ်တွင် မြေပဲလုံးဆံ ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၆၅၀၀ ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၆၆၀၀-၆၈၅၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၆၄၀၀ကျပ်ရှိပြီး ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၆၅၀၀-၆၆၀၀ ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၆၈၀၀-၇၁၀၀ ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၆၄၀၀ ကျပ်၊ ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံနီ တစ်ပိဿာ ၁၀၀ကျပ်နှင့်း မြေပဲလုံးဆံဖြူ တစ်ပိဿာ ၂၅၀ကျပ် ကျဆင်းနေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီတစ်ပိဿာ ၁၃၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၃၀၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၃၀၅၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၄၇၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၈၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရသည်။

Category: Local News