Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

     စက်တင်ဘာလ တတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ မိုးနှမ်းများလှိုင်လှိုင်ပေါ်သဖြင့် အဝင်များကာ ဈေးများအနည်းငယ်ကျနေပြီး မြေပဲလုံးဆံဖြူနှင့်ဆီဆံဈေးနှုန်းများ အနည်းငယ်ကျနေကြောင်းသိရသည်။ ယခုအပတ်တွင်း နှမ်းညိုတစ်တင်းလျှင် (၁၀၁၀၀၀)ကျပ်၊ နှမ်းဝါတစ်တင်းလျှင် (၁၀၄၀၀၀-၁၀၆၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၅၀၀၀- ၁၁၅၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၀၀၀၀- ၁၀၅၀၀၀)ကျပ်ဖြစ်ကာ ယခင်ပတ်ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ နှမ်းညိုတစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်၊ နှမ်းဝါတစ်တင်းလျှင် (၁၀၇၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၀၀၀၀-၁၁၅၀၀၀) ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၉၀၀၀၀- ၁၁၀၀၀၀)ကျပ်ရှိနေကြောင်း သိရသည်။

     ယခုအပတ်တွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၈၀၀)ကျပ် မြေပဲဆီဆံဖြူတစ်ပိဿာ (၆၄၀၀)ကျပ်ရှိပြီး ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၈၀၀-၆၉၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၅၀၀)ကျပ်၊ ယခုအပတ် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲဆီဆံဖြူဈေး အနည်းငယ် မြင့်တက်နေကြောင်း သိရသည်။ပဲဖတ်တစ်ပိဿာ(နယ်- ၃၃၀၀ )ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ( ၂၆၅၀ )ကျပ်၊ နေကြာဖတ် တစ်ပိဿာ (၁၉၈၀)ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါ သည်။

Category: Local News