Local News

မန္တလေးကုန်စည်ဒိုင်တွင်ပြောင်းဖူးစေ့ဈေးကွက်ဆက်တိုက်ကျဆင်းလာ

Last Updated:

စက်တင်ဘာလတတိယပတ်အတွင်းမန္တလေးကုန်စည်ဒိုင်သို့ရှမ်းပြည်နယ်နှင့်အညာဒေသဘက်မှပြောင်းဖူးစေ့များဝင်ရောက်လျှက်ရှိနေသည်။ထိုင်းနိုင်ငံသို့တင်ပို့မှုမရှိခြင်း၊တရုတ်ဝယ်လက်မှအနည်းငယ်သာဝယ်ယူမှုရှိခြင်း၊ပြောင်းဖူးစေ့ အသစ်ဝင်ရောက်မှုများခြင်းတို့ကြောင့်ပြောင်းဖူးစေ့ဈေးနှုန်းဆက်တိုက်ကျဆင်းလာကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ရှမ်းပြောင်းဖူးစေ့(ရှမ်း)၅၄ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၅၆၀၀၀၊ယခင်တစ်ပတ်ကျပ်၅၈၀၀၀ မှ၅၉၀၀၀၊ယခင်လကျပ်၆၂၀၀၀မှ၆၂၅၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၂၀၀၀မှ၃၀၀၀၊ယခင်လထက်ကျပ်၆၀၀၀မှ ၆၅၀၀နိမ့်ကျလာသည်။

စီပီပြောင်း၅၄ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းမှာယခုတစ်ပတ်ကျပ်၅၆၀၀၀၊ယခင်တစ်ပတ်ကျပ်၅၈၀၀၀မှ၅၉၀၀၀၊ယခင်လကျပ်၆၁၀၀၀မှ၆၂၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၂၀၀၀မှ၃၀၀၀၊ယခင်လထက်ကျပ်၅၀၀၀မှ၆၀၀၀ နိမ့်ကျလာသည်။

ဗမာပြောင်းဖူးစေ့၅၄ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းမှာယခုတစ်ပတ်ကျပ်၅၅၀၀၀၊ယခင်တစ်ပတ်ကျပ်၅၆၅၀၀မှ ၅၇၀၀၀၊ယခင်လကျပ်၆၀၀၀၀မှ၆၀၅၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၁၅၀၀မှ၂၀၀၀၊ယခင်လထက်ကျပ်၅၀၀၀မှ ၅၅၀၀နိမ့်ကျလာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး       

 

Category: Local News